Tuesday, November 6, 2012

လရောင် ဖမ်းစားထား ခဲ့ သော ခြေရာများ


အင်းယား ကန်ဘောင် ဘေးနားမှ ဆောင်းညနေခင်း

 ကန်တော်ကြီး ထဲ မှ မိုး ရာ သီ ခုံတန်းလေး

 အခေါက်ခေါက် အခါခါ စိမ်း လန်း စိုပြေ

 coffee aroma ဆိုင် ထဲ က ထိုင် ခုံ လေး ရဲ. နှုတ်ဆိတ်မှု

 orange ရှေ.နား လှေ ခါး ထစ် လေး များ ရဲ. စောင့် မျှော်မှု

 အသက်မဲ့ သွား သော ရန်ကင်း စင်တာ ရုံးဆင်းချိန်ညနေများ

အရာရာ ဟာ အိပ်  မက်    လို .......................

မိုးစက်

ထို.ကြောင့် ထို သို. အချစ် သည် အချစ်ဖြစ်ဧ်။ ။


အချစ်က 

တံတိုင်းတွေကိုဖောက်ထွက်နိုင်စွမ်း
မိုင်တိုင်တွေကို အတိုချုံ.နိုင်စွမ်း
အဝေးကြီး က သူကို ရင်ထဲမှာ ထည်. ပြီး နီးစေနိုင်တယ် 

အချစ်က 

သူ. အပြုံး မြင်ရတဲ့အခါ ဖြစ် လာ တဲ့ ပီတိ
သူ.ရယ်သံမှာ ပျော်ဝင် စီး မျော ရာ ဂီတ
သူ. အပျော် တွေ မှာ ကူး စက် ရာ ကြား ခံ အင်အား 
အိပ်မက် တွေ ကို အတောင် တပ် 
ချစ်သူ ဆီ အရောက် ပျံ ဖို. ခွန်အား 

အချစ်က 

ဖုန်း နှစ်လုံး 
mail လိပ်စာ နှစ်ခု
chat box ထဲ က မျက်ရည် 
အချစ်က good night ဆို တဲ့ ညပေါင်း များ စွာ 

အချစ်က 

ချုပ်ချယ် မှု တွေ ကင်းလွတ်ရာနယ်မြေ
အတူ ဆို ဖို. စပ် ဆို ထား တဲ့ သီချင်းများ စွာ
မလျောက်ဖူးသေးတဲ့ လမ်း ကလေး
မပိုင်ဆိုင်သေးတဲ့ ကိုယ် သင်း ရနံ.

အချစ်က

အဝေး က အလင်း ပေးတဲ့ " ကြယ် "

မိုးစက် ( dedicated to 30 Oct )

Wednesday, March 14, 2012

သူငယ်ချင်း

ဘယ်တော့မှ မရေးဖြစ်တော့မဲ့ ကဗျာ တပုဒ်

reply မလုပ် တဲ့ message တစောင် 

ကော်ဖီဆိုင် ထဲက အသဲကွဲ သီချင်း 

ကျောက် မြောင်း ဦးခွေးနီ ထမင်းဆိုင် 

တယောက်စိတ် တယောက် ကြည်. ရင်း / သိရင်း

ပြိုင်တူ ဖွက်ထားလိုက်တဲ့  ရင်ခုန်ခြင်း ။     ။


မိုးစက် 
၁၂ . ၃. ၂၀၁၂ 

Saturday, March 3, 2012

ရန်ကုန်မြို.ကြိး ဖျားနေတယ်

ရန်ကုန်မြို.ကြီး အကြီးအကျယ်ဖျားနေတယ် 
မြို.ကြီးပြကြီး ဆိုတာတွေကိုမုန်းတယ် 
ရုပ်ဝတ္တု တိုးတက် မှု ဆို တဲ့ အကြောင်းအရာ တွေက 
တစုံတယောက် ကို အဝေး ဆုံး ကို ပို. ပစ်တယ် ။

ရန်ကုန် မြို.ထဲ မှာ 
လေယဉ်ပျံ ဆို တာ တွေ က 
ထွက်သွား လိုက် ဆိုက် ကပ် လာ လိုက် နဲ. 
တစုံ တ ယော က် ကို ခေါ် လာ ခဲ့ ဖို. ကျ တော့
သူက မေ့ချင်ယောင် ဆောင် တယ် ။

ပူခြစ်တောက်နေတဲ့ ခန္ဓာ ထဲ မှာ စိတ် ဓာတ် တွေ အဖျား တက် နေတယ် 
ရန် ကုန် မြို. ဆို တာ က 
တိုး. တက် နေတဲ့ ကမ္ဘာ ကြိး ထဲမှာ 
မျက်နှာမြင်ရဖို. တောင် ခဲယဉ်းတဲ့ ဆက်သွယ်ရေးနဲ.
ဝေး နေတာ တွေကို ပို ဝေး သွား စေတဲ့  
ခေတ် နောက် ပြန် ဆွဲ ခြင်း ရော ဂါ နဲ. မြို.တော် 
" ဟယ် လို .. ကြား .. လား  .. " တွေ ထဲမှာပဲ 
အလွမ်းတွေ ခေါက်သိမ်း ထား ရ တဲ့ မြို. ဟောင်း ယဉ်ကျေးမှု နဲ.          ............
အရာရာ ဟာ ဝေး သ ထက် ပို ပို ဝေး သွားးးးးးးးးး

အဲ့ဒီ ရန်ကုန် မြို. က 
ခန္ဓာ ကိုယ် အလေး ချိန် ကျသွားတယ် 
မျက်တွင်းတွေကျ သွားတ ယ် 
စိတ် ဓာတ် တွေ က အောက် ဆုံး ထိ ကျလို. ။

ဟုတ်တယ်
အဲ့ဒီ ရန် ကုန် မြို.က 
 အိပ်ရေး တွေ ချို.တဲ့တယ် 
ဝင်ငွေ ချို.တဲ့တယ် 
တွေ. ဆုံ ခွင့်တွေ ချို.တဲ့တယ်  ။ 

တနေ.နေ. ဆို တဲ့ မျော်လင့်ချက်ထဲမှာ ပဲ စိတ်ဟာ လောင်မြိုက်လို. 
အဲ့ရန်ကုန်မြို. ကြီး အပြင်းထန်ဆုံး ဖျား တဲ့နေ.က ။       ။

မိုးစက် 
၂၀ ဖေဖော်ဝါရီ