Sunday, December 25, 2011

လတ်တလော အကြောင်းအရာများနှင့် ပက်သက်၍

သောကြာကြယ် ဟိုအဝေးကနေ ပိန်းပိတ်အောင် လင်းတဲ့ အမှောင်မျိုးနဲ.
ဓာတ်ပုံတစ်ပုံပဲ အကျွမ်းတ၀င်ရှိတယ်
ရယ်သံတစ်ခုက ပဲ့တင်ထပ်နေတယ်
ဘာလုပ်လုပ်အဆင်မပြေဘူး
ဒီလိုပါပဲ ...မပြေလဲပြေသလိုပဲ နေလိုက်တယ်
ချစ်တယ်လို.ပြောလိုက်တိုင်း ဘယ်ဘတ်ရင်တစ်ခြမ်းလုံး အောင့်နေရခြင်းရဲ့ …အဓိပ္ပါယ်
လွမ်းတယ်ဆိုတဲ့ စကားထက်ပိုလေးနက်တဲ့စကားကို ပိုလိုအပ်နေတာ ဖြစ်မယ်
အကြောင်းအရာ တစ်ခု က နာကျင်နေပေမယ့် တပ်မက်နေရဆဲ
ရေပြင်ပေါ် အရုပ်ဆွဲမယ့်အစား တကယ်တော့
ကောင်းကင်ပေါ်တက်ပြီးကိုယ်ကိုယ်တိုင် ပဲ ရွာ ချ ချင် နေ မိရဲ. ။ ။
မိုးစက်

Sunday, November 20, 2011

ချစ်သူသိစေ

ရင်ထဲက ဒဏ်ရာလဲ
ချစ်သူရဲ.  ချစ်ခြင်းမေတ္တာ တွေနဲ.
အနာကျက်ခဲ့ပါပြီ ။

ဆယ်နှစ်ရာသီ ပျိုးခင်းပဲဖြစ်ပါရစေတော့ ။

ဘယ်လောက်ဝေးနေပါစေ
မော့ကြည်.လိုက်တိုင်း
ချစ်သူရှိတဲ့အရပ်ဆီကို တိမ်တွေက ရွေ.နေတယ် ။

မော့ကြည်.လိုက်တိုင်း
ငှက်ကလေးတွေက
 ရုတ်တရက် အပြေးထပျံတယ် ။

သတိရခြင်းတွေ လူကြုံပါးလိုက်ပါတယ် ချစ်သူ

ဒီည သာနေတဲ့ လက
ကောင်းကင်တခုထဲ အတွက်ပါ ။   ။

အလွမ်းတွေကို Enter ခေါက်လိုက်ရုံ

ပတ်သတ်မှုလား
ခလုတ်တစ်ချက်နှိပ်လိုက်ရုံ
ဝေးကြမလား နီးမလား
လက်ထဲက အဲဒီ့ခလုတ်ကပဲ တိုင်တည်ရာ
အ၀င်အထွက် မေးလ် က နေ.စဉ်ဘ၀ ရဲ. အရေးပါမှု ထိပ်ဆုံး ကနေရာ
Monitor ပေါ်က foto album ဆိုတာက ဒုတိယ ငါ့မျက်နှာ

အပြည်ပြည်ဆိုင်ရာ ဆိုက်ရောက် ဂိတ်တံခါးဝမှာပဲ စိတ်တွေက တ၀ဲလည်လည်နဲ.
စိတ်ကူးယဉ်ကြည်.တယ်
စိတ်ကူးယဉ်မိတယ်
ပြန်လာရင်  ဘာပြောမယ် ဘယ်သွားမယ်
ရောက်တတ်ရာရာ ဘာဘာညာညာ

ရန်ကုန်ဆိုတာက အလွမ်းတွေ ဖြန်.ခင်းထားတဲ့မြို.တော်
ခုတလော ဘာရယ်တော့မဟုတ်ဘူး
အချိန်တန်ရင် အိမ်ပြန်တယ်  ဆိုတဲ့ စကားကိုပဲ ခဏခဏ ရေရွတ်မိနေတယ်
ရန်ကုန်မှာ နှင်းတွေလဲ ကျတော့မယ်
ဘာရယ်တော့လဲမဟုတ်ပြန်ဘူး
အလွမ်းတွေနဲ. နှင်းတွေနဲ. ကို  Enter ခေါက်ပြီး ပို.လိုက်ရုံ  ။   ။

Saturday, October 29, 2011

ငါလား ပိုးလောက်လန်းကောင်ပါ " xx "

ငါလား ဟုတ်ပါတယ် " xx "
ဆက်သွယ်ရေး အစုတ်ကြီးထဲ မှာ
လူကိုယ်တိုင် စုတ်ပြတ်သတ်နေတာ ။
ဒဏ်ရာ ရနေခဲ့သူမို.
မှန်ကန်တဲ့ ဆေးညွန်းစာကို
မိနစ်လေးဆယ်စာ အချိန်ယူပြီး တန်းစီစောင့်ယူတယ် ။

ငါလား ဟုတ်ပါတယ် " xx "
အထီးကျန်နေရင် ဂစ်တာ တီးပါတယ်
အတတ်နိုင်ဆုံး ရိုးသားပါတယ်
စိတ်ညစ်နေရင်ပြုံးတတ်ပါတယ် ။

ဟုတ်ပါတယ် " xx "
ငါဆိုတဲ့သူက
စကားတခွန်းထဲနဲ.လဲ နှစ်ရက်လောက် သေတတ်တယ်
စကားတခွန်းထဲနဲ.လဲ စိတ်တွေ ပြောင်းသွားတယ် ။

ကိုယ့်ကို ကိုယ် အံ့သြတယ် " xx "
နားထောင်တဲ့သီချင်းတွေ ပြောင်းလဲသွားတယ်
ရေခြားမြေခြား မှာ ဖတ်ဖို.စာ တွေ ရေးတယ်

ဘာမှမမျော်လင့် ခြင်းတွေထဲမှာ ဘာမှတော့ မဖြစ်ချင်ပါဘူး " xx "
ကဗျာတွေက တရားခံဖမ်းသလို ငါ့ကိုလိုက်ဖမ်းနေတာ ကို ပက်ပြေးနေမိတာ ။

ဒါဟာ ကဗျာ တပုဒ်သက်သက်ပဲဖြစ်ပါရစေ  " xx "
အိပ်မက်ထဲ မှာ ရေးလိုက်တာ ပါ ….

မိုးစက်
28 Oct ( 9 : 00 PM )

Thursday, October 13, 2011

ကိစ္စမရှိပါဘူး

မြေဆီနဲ့ မျိုးစေ့
သဟာဇာတ မဖြစ်လို့
ပေါင်းသင် ဖြတ်ခုတ် ခံ လိုက်ရတာပါ။

အကြင်နာ နဲ့
အကျင့်စရိုက်...
လိုက်ရော ညီထွေ မရှိလို့
အနာဂတ်တွေ ဆေးသွင်း အသတ်ခံ လိုက် ရတာပါ။

နားလည်နိုင်စွမ်း နဲ့ စိတ်ဓာတ်
ရေစက် မဆုံ လို့..........
အိပ်မက်တွေ လမ်းဘေး၊ချနင်း ခံ လိုက် ရတာပါ။

အသိုင်းအ၀ိုင်းနဲ့ ရာဇ၀င်
သမိုင်းမတွင်လောက်လို့........
လှေကားသုံးထစ် နောက်ပြန် ဆင်းပေးလိုက်ရတာပါ။

ကိစ္စ မရှိပါဘူး... ခွဲခွာခြင်း...။



မှူးဒါရီ

ယုံတမ်းပြောကြေးအနုပညာ

(၁)
ဘာတွေ လုပ်ဖြစ်နေလဲတဲ့
အသက်ရှူသံ မျှင်းမျှင်းများ နဲ့ နာမည် ၀ှက်တမ်း ကစားနည်း ကစားဖြစ်တယ်...

(၂)
..................
ဟယ်လို ငါ ပါ...
နင့်အတွေးတွေထဲ အထူးကံ ခံစားခွင့် လူကြီးမင်း မဟုတ်တဲ့ ငါပါ
ဟုတ်ပါတယ် ငါ ပါ...
နင့်အပေါ်နှုတ်ခမ်း နဲ့ အောက်နှုတ်ခမ်းကြား အောက်ဆီဂျင်နဲ့မှ အသက်ရှူချင်မိတဲ့ ငါပါ
ဟုတ်ကဲ့ အဲ့ဒီ ငါ ပါ ပဲ...
ဖွဲ့စည်းပုံအသေကြီးကိုစွဲကိုင်
(နင်ပြောသလို.... )
အနုတ်လက္ခဏာ လှိုင်လှိုင်ကြီးရေးခြစ်ပြတတ်တဲ့
အညံ့စားကျောက်သင်ပုန်းလို ငါ ပါ

နင့်ဆီကို
ဖုန်းစုတ်လေးမှ တဆင့် လွဲလို့
ဆက်သွယ်ရေး ညံ့ဖျင်းခဲ့....................။

(၃)
.............................
မနေ့ညက နင် မော့ကြည့်ဖြစ်တဲ့
ကောင်းကင်မှာ ကြယ်လေးတွေ အရောင်မတောက်ဘူး တဲ့
ကနေ့ည ငါ မော့ကြည့်လိုက်တဲ့
ကောင်းကင်မှာလည်း ကြယ်လေးတွေ မှေးမှိန် သေးကွေး.........

နောက်တနေ့ နောက်တည
နှစ်ယောက်သား အတူ ကြည့်ဖြစ်ချိန် ကျရင်ကောကွယ်...?

(၄)

အလိမ်အညာတွေဆိုပေမယ့်...
အမှန်တရား တ၀က်တိတိ ကပေါက်ကချာနဲ့
ချစ်ခြင်းမေတ္တာ ရောင်းတန်းဝင် ကြော်ငြာ စာတမ်း
ဖျက်သိမ်းကြောင်း ယုံတမ်း ပြောကြေး အနုပညာ...။

(၅)
ကလေးရေ...
............
မသိရဲတဲ့ အဖြေတခု က
မပြောသင့်ဘူး ဆိုတဲ့ အိမ်ခွံထဲ အံဝင်ခွင်ကျဖြစ်လာပြီဆိုရင်
ကိုယ့်ရင် ကိုယ် လျိုသတ် ခြင်းတွေမှာ...
ငါတို့ အကျွင်းတ၀င်ရှိနေဖို့တော့ လိုပါမယ်။


မှူးဒါရီ

အလွမ်းက ကိုယ့်ကို မီးမှိတ်လိုက်တယ်

တယောက်က တယောက်ကို စွန့်ခွာသွား တဲ့အခါ
ထွက်ပြေးရက်သူက ဘယ်သူဖြစ်ဖြစ်......................
ကျန်ရစ်ခဲ့သူက ဘယ်သူဖြစ်ဖြစ်....................
အချစ်က မြေဇာမြက်..................။

ရိုးသားပွင့်လင်း ခြင်းမှာ
ဘယ်အရေမှမခြုံဖြစ်ခဲ့တဲ့အခါ
မိုက်မဲသိုးတကောင်နဲ့ ကျွန်မ တူခဲ့လိမ့်မယ်
ဖြောင့်မတ် ထူအခြင်းမှာ
ဘယ်အကြည့်ကိုမှ မရှောင်လွဲ ဖြစ်တဲ့အခါ
ရန်လို သင်းကွဲ အရိုင်းသားကောင် ဆန်ခဲ့လိမ့်မယ်
အိပ်မက်တွေကို နမိတ်ဖတ်လွဲခဲ့ပြီး
အဆိပ်တက်နေတဲ့ ကတုန်ကရင်နဲ့
ရင်ဘတ်အကွဲမှာ တွယ်ချိတ်လေးများတန်းလန်း...
တံခါးရွက်တို့ ထာဝရကျိန်စာသင့်အခန်းမှာမှ ကျွန်မ နေပျော်ခဲ့ပါရဲ့။

သူများတွေလို ဝေးချင်လို့ ဝေးသွားတာလည်း မဟုတ်ပဲ
ဝေးသင့်လို့ ဝေးသွားကြတာလည်း မဟုတ်ပဲ
ဝေးနေလို့ ဝေးသွားကြတာမျိုး....ဝေး၊

အရိပ်အကဲမကြည့်တတ်တဲ့အခါ
တိမ်အော်သံဟာတောင် ဆူညံ လွန်း နေမယ်။


ဇူလှိုင်ရေ........
ခုဆို ရန်ကုန်မှာ မိုးတွေ အရမ်းသည်းနေပြီ
လမ်းမပေါ်မှာလည်း ရေတွေချည်းပဲ
မှောင်ထဲမည်းထဲမှာ
ဆလိုက်ထိုးသလို ကားမီးရောင်တွေအောက်က...
မိုးစက်တွေကျနေပုံ သိပ်လွမ်းစရာကောင်းတယ်...သိလား

ဇူလှိုင်ရေ........
ဖိစီးစိတ်မှာ စကားလုံးတွေ သက်ဝင်တောက်ပနေကြပြီ
အလွယ်တကူ မေ့မသွားသေးတာကိုက ခမ်းနားကြီးကျယ်လို့
အိပ်မက်ဟောင်းတွေက ဒိုးယိုပေါက် စိမ့်စိုလို့
ထီးရွက်အိုအောက် မျှော်လင့်တကြီးမိုးခိုလို့
ချစ်သူ့ အပြန်လမ်း အရပ်မျက်နှာဖက်ဆီ ဦးတည်လို့...သိလား

ဇူလှိုင်ရေ....
ငါကတော့ ငါ့ကိုယ်ငါ လမ်းဆန်ဆန်ခင်းလိုက်တာပါပဲ
အချိုးအကွေ့ မှာ အခိုးအငွေ့တွေအဖြစ်နဲ့
အစွန်းထွက်တဲ့အထိ တိုးဝှေ့ ပျောက်ကွယ်ခံခဲ့ရ
မနက်ဖြန်များစွာတိုင်အောင် ထိရှ အက်ကြွေနေမယ်........။
သိလား...။


မှူးဒါရီ

တံခါးတွေ ပိတ်ထားလိုက်

ဟိတ် !!!
တံခါးတွေကို ပိတ်ထားလိုက်
အိမ်ရှေ.နားမှာ အလွမ်းတွေ ရစ်သီရစ်သီနဲ.
ဝင်ခွင့်သာပေးလိုက်ရင်    သွားပြီ
အိပ်ဆေးတွေ ငါ့အတွက် လို လာလိမ့်မယ်

တံခါးတွေကို ပိတ်  မီးတွေမှိတ်ပြီး
ဘာမှမဖြစ်သလို  အိပ်ပြစ်လိုက်

သီချင်းသံတွေ ပိတ် အသဲကွဲ သီချင်းတွေ တိတ်ထားလိုက်

ကွန်ပြူတာကို ပိတ်  နင့်ဓာတ်ပုံ တွေ အရိပ်ပြနေလိမ့်မယ်

တယ်လီဖုန်း ကိုပိတ်  စိတ်တွေကို ရိတ် သိမ်းလိုက်

အာာာာာာာာာာာ 
ဖြစ်နိုင်ရင် အကုန်လုံးကို ပိတ်ထားလိုက်
" သံယောဇဉ် " ဆိုတာ ရင်ဘတ်ထဲ ပိုက်ထားလို.
ကောင်းတဲ့အရာ မဟုတ်ဘူး ။   ။

မိုးစက်  ( ၁၃ အောက်တိုဘာ )

Monday, October 10, 2011

အကယ်၍

အကယ်၍

မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး

ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ

မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .


အကယ်၍

အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ

သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့

မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .


အကယ်၍

စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး

အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .


ဒါမှမဟုတ်

မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ

မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .


ဒါမှမဟုတ်

မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ

မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .


အကယ်၍

စိတ်ကူးယဉ်အိပ်မက်တွေဟာ

မင်းအပေါ် မလွှမ်းမိုးစေဘဲ

စိတ်ကူးနိုင်မယ်ဆိုရင် . . .


ပြီးတော့

အတွေးအခေါ် စိတ်ကူးတွေဟာ

မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ

တွေးခေါ်နိုင်မယ်ဆိုရင် . . .


အကယ်၍

အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ

တူညီသော လောကဓံတရားတွေပါလားရယ်လို့

ခံယူထားနိုင်မယ်ဆိုရင် . . .


အကယ်၍

မင်းရဲ့ အမှန်စကားတွေကို

လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး

မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ

မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .


အကယ်၍

မင်းဘ၀တစ်ခုလုံးပေးပြီး

အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို

ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်

အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့

ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .


အကယ်၍

မင်းနိုင်ခဲ့သမျှတွေအားလုံး

ကြွေတလှည့်ကြက်တခုန်ပမာ

တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .


ပြီးတော့

အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .


ပြီးတော့တခါ

ဆိုးလှတဲ့ကံကြမ္မာရယ်လို့

ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .


အကယ်၍

သူများတကာတွေ လုပ်ပြီးသွားကြလို့

အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ

မင်းတယောက်တည်းနဲ့ပဲ

အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .


အဲဒီလိုပဲ

မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ

အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ

လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .


အကယ်၍

လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ

ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .


ဒါမှမဟုတ်

မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်

မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .


အကယ်၍

ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ

မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .


အကယ်၍

လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်

စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .


အကယ်၍

တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ

အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်

အသုံးချနိုင်မယ်ဆိုရင် . . .


ငါ့သားရေ

မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို

ဆုပ်ကိုင်လို့

အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့

အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။

 IF ဆိုသော ကဗျာအားဒေါ်အောင်ဆန်းစုကြည်မှ ဘာသာပြန်ပေးထားခြင်းဖြစ်ပါသည်။

Saturday, October 8, 2011

ကျနော့်နှုတ်ခမ်းဖျားပေါ်က တဆတ်ဆတ်တုန်ယင်နေတဲ့အမှန်တရားဟာ မနှင်းဆ

ချစ်ခြင်းမေတ္တာဟာ ဘတ်စ်ကားအိုကြီးတစ်စင်းလို

မြို့ပြလူထုနဲ့ကင်းကွာလာတာ တွေ့ရတယ်။

မွန်းကြပ်မှုအမြင့်ဆုံးအဆင့် ။ အနူးညံ့ဆုံး ထွက်ပေါက်။

စကားပြောခန်းတစ်ခုမှ စကားလုံးရင်ကွဲသံ။

တစ်နေ့နေ့ဆိုတဲ့အတွေးနဲ့တင် ကျနော်ဖြာကနဲ ပြိုဆင်းသွားတယ် မနှင်းဆီ။

ကျနော်က ခြေဆုံး,ခေါင်းဆုံးမယဉ်ကျေးတဲ့ကောင်။ ထာဝရလိပ်ပြာ လုံချင်တယ်။

အသက် ၂၈ နှစ်ရှိပြီ ။ အခုချိန်ထိ ပတ်ဝန်းကျင်က ကျနော့်ကို အရောင်အဆင်းမှားတုန်းပဲ။

တိတ်ဆိတ်ငြိမ်သက်ခြင်းက လည်မြိုတစ်လျှောက် တဖြည်းဖြည်းချင်းနေရာယူလာတယ်။

အရသာမရှိတဲ့ ရေနွေးကြမ်းတစ်ခွက်အဖြစ်နဲ့ပဲ ကျနော်မှာ စီးဆင်းခဲ့ရပြီ။

လူ့ဘ၀တစ်ခါရောက်တိုင်း မနှင်းဆီကဗျာတစ်ပုဒ် ကျနော်ရေးခဲ့မယ်။

ကျနော်ခေတ်အဆက်ဆက် မြတ်နိုးလာတဲ့ယဉ်ကျေးမှုဟာ

မနှင်းဆီဖြစ်ကြောင်း ကမ္ဘာတစ်ဝှမ်းကလူတွေ သိပါစေ။

ဖြစ်လေရာဘ၀မှာ အနုပညာနဲ့သာပေါင်းဖက်ပါ့မယ် မနှင်းဆီ။

ကျနော့်ကို ယုံပါ ။

ကျနော့်ကိုယ်ပိုင်တံဆိပ်က တော်လှန်ရေးမျက်လုံးနဲ့၊ ရဲဝံ့တည်ကြည်ခြင်းပဲ မနှင်းဆီ။

ပြင်းပြင်းထန်ထန်မယုံကြည်ဘဲ ဘယ်အကြောင်းအရာကိုမှ လက်ဖျံရိုးထဲပေးမ၀င်ဘူး။

ကျနော့်ဘ၀မှာတော့ ဟားဗက်စ်တက္ကသိုလ်ပဲ တက်ချင်တယ်။

စပိန်ဂစ်တာတစ်လက်ပဲ ဖြစ်ချင်တယ်။

အရေပြားပေါ်လျှံကျနေတဲ့လူငယ်စိတ်နဲ့ ခေတ်ကိုကိုယ်ကပြန်ချော့သိပ်ချင်တယ်။

အမှန်တရားဟာ မြန်မြန်သေမယ့်ရောဂါတစ်ခုအနေနဲ့ ကျနော့်ခန္ဓာကိုယ်ထဲဝင်လာတယ်။

ရန်ကုန်မြို့ကြီးဟာ ဇာတ်လမ်းတွဲတွေနဲ့ လှည်ဖျားခံထားရတယ်။

မိုးရေချိန်ဘယ်လောက်ရွာသွန်းပြီး

ကျနော်တို့ငြိစွန်းခွင့်ကို ခင်ဗျားငြင်းပယ်မလဲ။

သပ်သပ်ရပ်ရပ်ပြုံးရတာ လိပ်ပြာနာလာတယ် မနှင်းဆီ။

လုပ်ငန်းခွင် ၊ မျက်လုံးအသေ ၊ အနာဂတ် ၊ ရှင်ကွဲ/သေကွဲ ။

ဘယ်ကြိုးကိုလှမ်းဆွဲပြီး ပျော်ရွှင်ရမလဲဆိုတာ ကျနော့်ကိုပြောပါ။

ကျနော်က အဘိဓာန်မှာမပါတဲ့ အက္ခရာလေးတစ်လုံးပါ မနှင်းဆီ။

ယနေ့ခေတ်လူ့အဖွဲ့အစည်းကို ကျနော်ငြီးငွေ့တယ်။

ကတ်ကိုဘိန်းရဲ့သေတမ်းစာမှာ ကျနော့်သဘောထားတွေ အများကြီးပါတာကို

ခင်ဗျားငြင်းပယ်နိုင်တယ် မနှင်းဆီ ။

ပျော်ရွှင်မှုကိုရှာဖွေရင်း မိမိကိုယ်ကိုယ်ပျောက်ဆုံးလာတဲ့အခါ

အပြောင်းအလဲကို အသက်ပေးပြီးဝယ်ရတာလည်း နူးညံ့မှန်ကန်လွန်းပါတယ်။

ကမ္ဘာကြီးကိုညာလို့ရတယ် ။ ချစ်ခြင်းမေတ္တာကို ညာလို့မရဘူး မနှင်းဆီ ။

လက်ဖက်ရည်ဆိုင်ထိုင်ရင်း ၊ ရှုမျှော်ခင်းတွေ မျှော်ကြည့်ရင်း

ကိုယ့်ကိုယ်ကိုယ်မေး,ထူး,ခေါ်,ပြောလုပ်ရတာ ပိုသဘာဝကျပါတယ်။

အခြေခံလူတန်းစားတွေစိတ်ထဲက အရောင်တဖျတ်ဖျတ်တောက်ပနေခြင်းဟာ

ဒီကမ္ဘာကြီးနာကျည်းရမယ့် ညနေစာဖြစ်တယ် မနှင်းဆီ ။

လူဆိုတာ ကိုယ့်အရိပ်ကိုယ်ကြောက်လန့်ရလောက်အောင်

အမှားတွေကို နင်းမိတတ်တယ် ။ ခင်ဗျား ဖြူစင်ပါ။ ယနေ့မှစ ၊ သံသရာထိတိုင် ဖြူစင်ပါ။

ကျနော်ရင်ဘတ်အောင့်အောင့်နေခြင်းဟာ ခင်ဗျားဖြူစင်ဖို့လုံလောက်တဲ့အကြောင်းပြချက်ဖြစ်ပါစေ။

ဒီအတိုင်းဆို သိပ်မကြာခင်မှာပဲ မနှင်းဆီ နဲ့ အရာအားလုံးကိုကျနော်ထားရစ်ခဲ့ရတော့မယ်။

ကျနော်တို့တူတူကြိုက်ခဲ့ဖူးတဲ့ သီချင်းတွေကို ကျနော့်အတွက်ပိုနားထောင်ပေးပါ။

ချောင်းဆိုးရင်းသွေးပါလာတာလည်း အနုပညာပဲ မနှင်းဆီ။

ကျနော်သွားနှင့်တော့မယ် ။ ။


-စစ်နိုင်

ရှင်ကွဲ (၂)

လက်တစ်ကမ်းမှာတင် မျက်လုံးချင်းဆုံနေရင်း
တမျှော်တခေါ်လွမ်းရပုံ။
နူးညံ့သန့်စင်တဲ့ ချစ်ခြင်းမေတ္တာ ။
ညာဘက်လက်ကောက်ဝတ်မှ သေရာပါအမှတ်တရပစ္စည်း ။
ကိုယ့်ဘ၀တစ်ခုလုံးပေါင်းမှ စိတ္တဇပန်းချီကား တစ်ချပ် ။
၂၄ ရက် ။ ဧပရယ် ။ မျက်ဝန်းနှစ်စုံကြားမှ မမြင်နိုင်တဲ့ မိုးတိမ် ။
ထွက်ခွာသွားရန် ရောက်ရှိလာခဲ့ပါသော မနှင်းဆီ ။
လက်ဖက်ရည်က ပေါ့ဆိမ့် ။ ဘ၀မှာ အခါး ဂိတ်ဆုံး ။
ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ။
မြင်ခွင့်မရလိုက်တဲ့ မိုးကောင်းကင် ။
အဖြေကို စောင့်မျှော်နေသော မေးခွန်းများ ။
မျက်ရည်မကျဘဲ ငိုကြွေးနေတတ်တဲ့ ပင်ကိုစရိုက် ။
ပျံသန်းရောက်ရှိလာပါသော အနက်ရောင်ကံကြမ္မာ ။
ရေခြား,မြေခြားမှာဖတ်ဖို့ ကဗျာတစ်ပုဒ် ။
ဗာဒံပင်ရိပ်က လက်ဖက်ရည်ဆိုင် ။
စောင့်မျှော်နေခဲ့ရသော ကာလများ ။
တစ်မိနစ်ချင်းစီ ဝေးသွားပုံ ။
လမ်းမလျှောက်တတ်သေးတဲ့ ဥပေက္ခာတရား ။
လက်ဖျားချင်းထိခတ်ခွင့်မှာ တငွေ့ငွေ့လောင်တဲ့စိတ် ။
အရိပ် နဲ့ ကိုယ် နဲ့ ကြားမှာ သံသရာတစ်ခု.....ခြား ... ။
မြင်မြင်ချင်းဝေးရတဲ့ကံတရား ။
အပြန်အလှန်နားလည်မှု စာမျက်နှာ ။
ခေါက်တုံ့ခေါက်ပြန် တမ်းတခြင်း ။
သတိရခြင်း နွံအိုင်များ ။
လေထဲတိုက်အိမ်ဆောက်ချင်နေတဲ့ သံယောဇဉ် ။
အိပ်မက်ထဲမှာတင် မျက်စိလည်နေရတဲ့ ၀င်္ကပါ ။
သေလွဲရှင်လွဲ တနင်္ဂနွေ ။
ကျနော်ကိုယ်တိုင်လောကဓံဖြစ်သွားတဲ့ ညနေခင်း ။                ။

-စစ်နိုင်

Friday, October 7, 2011

ကမ္ဘာနှစ်ခု ကြားက ရတနာနတ်မယ်

မကြာသေးခင်က ထွက်တဲ့ သြစတြေးလျ အရှေ့ပိုင်း Griffith University ရဲ့ Review journal အမှတ်စဉ် ၂၇ မှာ ရေးထားတဲ့ Between Two Worlds ဆိုတဲ့ စာတပုဒ်ကို ဆရာမ ဒေါ်ကြည်မေကောင်း ဘလော့မှာပေးတဲ့ လင့်တွေကတဆင့် ဖတ်လိုက်မိတယ်။
အဲဒီ ဂျာနယ်လေးက တခါထုတ်ရင် ခေါင်းစဉ် Theme တခုအောက်မှာ ဝိုင်းရေး ကြတာမျိုးလေးပါ။ အဲဒီ အမှတ်စဉ် ၂၇ ကလည်း food အစားအစာ အကြောင်းပါ။ တော်ရုံဆိုလည်း အဲဒီ ခေါင်းစဉ်အောက်မှာ ကိုယ်တို့လိုလူတွေအတွက် ဒီလောက် စိတ်ဝင်စားစရာ ကောင်းမယ့် စာမျိုးပါလာမယ်လို့ ထင်စရာအကြောင်း သိပ်မရှိဘူးလေ။ တွေ့မယ့် တွေ့လိုက်တော့ ဗမာလူမျိုးတွေ အတော်စိတ်ဝင်စား တဲ့ အမျိုးသမီးတယောက်အကြောင်း ဖြစ်နေတယ်။
pho
ကနောင်မင်းရဲ့ မြစ်တော် ရတနာနတ်မယ် (LIFE မဂ္ဂဇင်းက ၁၉၅ဝ တွင် ရိုက်ကူးထားသောပုံ)
မင်းဆွေ မင်းမျိုး ကုန်းဘောင်ဆက်လည်းဖြစ်၊ ပုံပြင်ဆန်ဆန် လျှို့ဝှက်သည်းဖို ဆန်ဆန်၊ နားစွန်နားဖျား ကြားခဲ့ရဖူးတဲ့ အာဏာရှင် ဟောင်း ဦးနေဝင်းကြီးရဲ့ ဇနီးဟောင်း တယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ ရတနာနတ်မယ်ရဲ့ တပိုင်းတစ ပုံရိပ်တချို့ကို သူမရဲ့ အီတာလျံ တက်စကန်နီ တောစာပုံစံ ကျွေးမွေးတည်ခင်းတဲ့ နေ့လည်စာဝိုင်းလေးတခုမှာ နောက်ခံထားပြီး ရေးထားတာပါ။
အဲဒီ စာလေးကို စိတ်ဝင်တစား ဖတ်ရင်း တချို့ အချက်လေးတွေကို ရွေးပြီး ဝေမျှချင်စိတ် ဖြစ်လာ မိတယ်။ ဝေမျှချင်တယ်ဆိုတာ လည်း ဘာအကျိုးပြု၊ ဘာဝါဒဖြန့်မှ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ လူ့သဘာဝ ဒီလို အကြောင်းလေးတွေကို သိချင်စိတ်ဝင်စားတာ မဆန်းလို့မို့ ဗမာပြည်ကစာအုပ်တွေမှာ မောင်သန်းဆွေ (ထားဝယ်) ရေးတဲ့ မင်းဆွေ မင်းမျိုးတွေအကြောင်း စိတ်ဝင်တစား လိုက် ဖတ်ရသလိုမျိုးပဲ ဆိုပါတော့လေ။
ဒီဆောင်းပါး အရတော့ ဆောင်းပါးရှင် ကိုယ်တိုင်က ရောမကနေ တဆင့် အီတလီရဲ့ နာမည်ကျော် Tuscany ပြည်နယ်မြို့တော် ဖြစ်တဲ့ Florence မှာ နေထိုင်တဲ့ Ms June Rose Bellamy ခေါ် ရတနာနတ်မယ် ရဲ့ Associazione Culturale Arte e Gastronomia Orientale လို့ ဆိုင်းဘုတ် ချိတ်ဆွဲထားတဲ့ အိမ်လေးကို အလည်အပတ် ရောက်သွားပုံနဲ့ စထားပါတယ်။ သူ့ ဆောင်းပါးလေးက အီတာလျံ အစားအသောက် အကြောင်းလေးတွေ သူမ ချက်ပုံ ပြုတ်ပုံလေးတွေ တပိုဒ်၊ သူမ ရဲ့ နောက်ခံဇာတ်ကြောင်းလေးတွေ တ ပိုဒ်နဲ့ တကယ့်ပြဇာတ်ဆန်ဆန်လေး ရေးထားတာပါ။ အဲဒီ အထဲမှာမှ သူမ ကိုယ်တိုင်ဖွင့်ဟပြောပြတဲ့ တချို့ စကားလေးတွေဟာ တော်တော်စိတ်ဝင်စားစရာ ကောင်းပါတယ်။
pho
တကယ်တော့ ဗမာ့သမိုင်းမှာ ခေတ်မီသူ၊ ပြုပြင်ပြောင်းလဲလို သူလို့ လူသိများထင်ရှားတဲ့ ကနောင်မင်းသားကြီးရဲ့ မြစ်တော် တယောက်အနေနဲ့တင် သူမဘဝက စိတ်ဝင်စားစရာ ကောင်း နေခဲ့ပါပြီ။ အင်ဂလိုကပြားဖြစ်တာ၊ ချောတာလှတာ ခေတ်ဆန် တာ နောက်ဆုံး ဗမာပြည်က နာမယ်ကျော် အာဏာရှင်ကြီးနဲ့ လက်ထပ်လိုက်တာဆိုတဲ့ အချက်တွေကတော့ ထပ်ဆင့်ပိုကဲ ပြီး ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားရတော့တာပါပဲ။
သူတို့ မိသားစုရဲ့ အရွယ်အပိုင်းအခြား ပုံရိပ်တွေကို တွက် ချက်ခန့်မှန်းကြည့်တော့ သူမရဲ့ မိခင် လင်းပင်မင်းသားကြီးရဲ့ သမီးတော် ထိပ်တင်မလတ်က အသက် ၃၄ နှစ်မှာ သူမထက် ၁၆ နှစ်ကြီးတဲ့ သြစတြေးလျနိုင်ငံသား အင်္ဂလိပ်လူမျိုး ဘွက် ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမ ကို မွေးတယ်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ် မှာ ပထမ အိမ်ထောင်ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာတာဝန်ကျတဲ့ ဆရာဝန် တယောက်နဲ့ လက်ထပ်တယ်၊ သားလေး ၂ ယောက်ရတယ် စသဖြင့် အရွယ်တွေ အရိပ်တွေကို အရင်ပုံဖော်ကြည့်မိတယ်။
ဧည့်သည်အတွက် ချက်ပြုတ်၊ စကားလက်ဆုံကြရင်း နံရံမှာ ချိတ်ဆွဲထားတဲ့ နန်းဆန်ဆန် ဝတ်စုံတွေနဲ့ အဘိုးအဘွား မိသားစုပုံတွေ ကနေ သူမရဲ့ နောက်ခံ ဘဝတွေ၊ သူမ အဖေအကြောင်းတွေကို စိတ်ပါလက်ပါ ပြောပြနေတဲ့ ရတနာနတ်မယ်ဟာ သူမအတွက် အိမ် မက်ဆိုးဖြစ်ခဲ့တဲ့ ဦးနေဝင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ သိပ်အများကြီး ပြောချင်ပုံ မရဘူးလို့ ဆိုထားတယ်။
အဲဒီ အချက်တွေထဲမှာမှ သူမရဲ့ အမေထိပ်တင်မလတ်ဟာ ဖခင်ဖြစ်သူ လင်းပင်မင်းသားကြီး ပြည်ပြေးဘဝနဲ့ အိန္ဒိယမှာ နေထိုင် ခဲ့ကြတဲ့အခိုက် အထက်တန်း လွှာအသိုင်းအဝိုင်းနဲ့ ဝင်ဆံ့ခဲ့ပြီး (အရှေ့တိုင်း တိဗက်တောင်တန်း နိုင်ငံတခုဆီက) အိမ်ရှေ့ မင်းသား တပါးနဲ့ စေ့စပ်ကြောင်းလမ်းတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ လက်ထပ်ပွဲမတိုင်ခင် ရက်အနည်းငယ် အလိုလေးမှာ မင်းသား အဆိပ် ခတ်ခံခဲ့ရလို့ လွဲခဲ့ရတဲ့အကြောင်းလေးကလည်း လွမ်းသလိုလို ဆန်းသလိုလို။
ဖတ်နေရင်း မျက်လုံး ကျယ်သွားပြန်တာက သူမရဲ့အဖေ ငယ်စဉ်က ကြီးပွားရာကြီးပွားကြောင်း သြစတြေးလျတိုက် တကြောခြေ ဆန့်ရင်း Kalgoorlie ရွှေတော အထိ ရောက်ခဲ့ ငွေရှာခဲ့တယ်ဆိုတဲ့ စာကြောင်းလေးပါ။
(စကားချပ် … Kalgoorlie ဆိုတာ မြို့တော်နဲ့ အတော်လှမ်းတဲ့ လက်ရှိ ကိုယ်နေထိုင်နေတဲ့ ရွှေတွင်းမြို့ကလေး တခုမို့ပါ။ လွန်ခဲ့တဲ့နှစ် ၁ဝဝ ကျော်လောက်က ရွှေကြောကြီးတွေ အကြီးအကျယ်ပေါ်လို့ တကမ္ဘာလုံးက လူတွေ ရွှေလာရှာခဲ့တဲ့ နေရာတခု ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ကမ္ဘာ့တောင်ခြမ်းမှာ အကြီးဆုံး ရွှေတွင်းကြီး ရှိနေလေရဲ့)
pho
အဲဒီမှာ မစ္စတာ ဘယ်လာမီ တယောက် အသက်ကြီးမှရတဲ့ သမီးလေးကို သူငယ် ငယ်က ကြီးပြင်းခဲ့တဲ့ သြစတြေးလျတိုက်ကြီးရဲ့ ရေမြေ သဘာဝတွေအကြောင်း ကာဂူးလီဆိုတဲ့ ရွှေတွင်းမြို့လေးက ထူးဆန်းလှတဲ့ အဖြူရောင် ကတ္တဝါကြီးတွေ အကြောင်း၊ မြန်မာပြည်က ကြက်တူရွေး အစိမ်းလေးတွေနဲ့ ယှဉ်ပြီး ပြောပြနေတဲ့ ပုံကိုလည်း မြင်ယောင် ကြည့်မိတယ်။
နောက်တော့ ဒုတိယကမ္ဘာစစ်ဖြစ် ဂျပန်ဝင်လာတဲ့အခါ သူတို့မိသားစု အိန္ဒိယကို စစ်ပြေးတဲ့အကြောင်းတွေ သာသနာပြုကျောင်း ဆရာမတွေက သွေးနှော ကလေး မလေးကို နှိမ်ပုံ၊ အရှက်ခွဲပုံတွေ၊ ပြန်ရွဲ့လို့ ကျောင်းကအထုတ်ခံရပုံတွေ။ ဂျပန်တွေ ပြန်ထွက်သွားတော့ ၁၄ နှစ် သမီးမှာ မိသားစုလိုက် ဗမာပြည်ပြန်လာကြပြီး မေ မြို့မှာ အခြေချနေထိုင်တာတွေ စတဲ့အကြောင်းတွေကို တခြားစာအုပ် တွေထဲက အချက်အလက်တွေနဲ့ အစီစဉ်တကျတွဲစပ်ပြီး တင်ပြထားပုံက စာရေး သူဟာ June Rose တည်ခင်းတဲ့ အထူးစပါယ်ရှယ် ယုန်သဲချေ အစာသွပ်ဟင်းထက် သူမအကြောင်းတွေကိုသာ စိတ်ဝင်စားနေခဲ့လို့သာပေါ့။
သူမရဲ့ ယောက်ျားဆန်ပုံ သွက်လက်ချက်ခြာပုံအကြောင်း မိသားစုပိုင် ကားစုတ်ကလေးကို ကိုယ်တိုင်အင်ဂျင်နှိုးပုံကို မြင်ခဲ့ရတဲ့ မိသား စုမိတ်ဆွေ တယောက်ရဲ့ မှတ်တမ်းအပိုင်းအစလေးကိုလည်း ထည့်ရေးထားသေးတယ်။ နောက်တခါ ဗမာပြည်မှာ စစ်ပြီးခေတ်က ဟိုးလေးတကြော် စိတ်ဝင်စားခဲ့ကြတဲ့ Purple Plain ရုပ်ရှင်မှာ ဟောလိဝုဒ် မင်းသား ဂရေဂရီပတ်နဲ့ တွဲဖက် သရုပ်ဆောင်ဖို့ ဦးစွာ သဘောတူခဲ့သူ ဖြစ်ကြောင်းလည်း သိလိုက်ရတယ်။ အဲဒီမှာ ဗမာ့ယဉ်ကျေးမှုနဲ့ မလျော်တဲ့ ထုတ်လုပ်သူဘက်က တောင်းဆိုချက် တွေကြောင့် သူမဘက်က ဖျက်သိမ်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီနောက်မှသာ ဝင်းမင်းသန်းနဲ့ သဘောတူပြီး ရုပ်ရှင်ကို ဆက်လက်ရိုက် ကူးခဲ့တာ ဖြစ်ပါလိမ့်မယ်။
နောက်တော့ အီတာလျံလူမျိုး WHO ဝန်ထမ်း ဆရာဝန်နဲ့ အိမ်ထောင်ကျရင်း လွတ်လပ်ရေးရခါစ မြန်မာ့နိုင်ငံရေး မငြိမ်မသက် လှိုင်း တွေကြား ကွန်မြူနစ်တွေက သူ့အမျိုးသားကို ပြန်ပေးဆွဲသွားပုံကိုလည်း ပြန်ပြောင်း ပြောပြထား သေးတယ်။ ပြန်ပေးသမား ကွန်မြူ နစ်တွေဟာ ခေတ်ပညာတက် ကျောင်းသားဟောင်းတွေ ဖြစ်တာ၊ သူတို့ မိသားစုကို ကောင်းကောင်းမွန်မွန် ရှင်းပြဆက်ဆံခဲ့တာ၊ နောက်တော့ သူ့အမျိုးသား ပြန်လွတ်လာတဲ့နောက် မြန်မာအစိုးရကလည်း သူတို့ကို နိုင်ငံကခွာဖို့ အကြံပေးတာကြောင့် သူ့အမျိုးသား တာဝန်ကျရာ နိုင်ငံရပ်ခြားတွေမှာ လိုက်ပါနေထိုင်ရင်း အီတလီမှာ အခြေချခဲ့ကြတယ်။
ဦးနေဝင်းနဲ့ ဇာတ်လမ်းစခဲ့ပုံကိုတော့ ခပ်ပါးပါးလေးပဲ ပြောပြထားတယ်။ သူ့အမျိုးသားနဲ့ ကွာရှင်းပြတ်စဲလိုက်ပြီး သားလေး ၂ ယောက် နဲ့အတူ အီတလီမှာပဲနေထိုင်နေတဲ့တလျှောက် ၁၉၆၂ ခုနှစ် နောက်ပိုင်း ဦးနေဝင်း လက်ထက်မှာ မြန်မာပြည်ဟာ အထီးကျန်ဆန် လာတာ ဆင်းရဲလာတာတွေကို မျက်ခြေမပြတ် သိမြင်နေခဲ့ပြီး သူ့ဖခင် မေမြို့မှာဆုံးတော့လည်း ခဏတဖြုတ် ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်တခေါက် သူ့မိခင် နာမကျန်းဖြစ်တဲ့ အချိန်မှာတော့ မြန်မာသံရုံးက ဗီဇာထုတ်မပေးတော့ဘူး။ အဲဒီမှာ ကွယ်လွန်သွား ပြီဖြစ်တဲ့ ဦးနေဝင်းရဲ့ဇနီး ကစ်တီ ဘသန်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းတကြော ရင်းနှီးခဲ့ဖူးတဲ့အလျောက် ဦးနေဝင်းဆီကို သံ ကြိုးရိုက် အကူအညီတောင်းရာကနေ အဆက်အသွယ်ရခဲ့ပြီး သိပ်မကြာခင် ၁၉၇၆ မှာ လက်ထပ်လိုက်ကြတယ်။ အဲဒီ လက်ထပ်ပွဲက ခပ်ရိုးရိုးသာ ဖြစ်ခဲ့ကြောင်းကိုလည်း ‘It was not one of those lavish things’ လို့ သူမက ဆိုတယ်။
၁၉၇၆ ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံ မျက်နှာဖုံးသတင်း
pho
ဦးနေဝင်းက ဘာကြောင့် ရတနာနတ်မယ်ကို လက်ထပ်ခဲ့သ လဲ၊ ရတနာနတ်မယ်လို့ အသိများတဲ့ June Rose ကလည်း ဘာကြောင့် ဦးနေဝင်း ရဲ့ လက်ထပ်ခွင့်ကို လွယ်လွယ်ကူကူ လက်ခံခဲ့သလဲဆိုတာ ကာယကံရှင်များသာ အကြောင်းမှန်ကို သိနိုင်မယ်ဖြစ်ပေမယ့် ဒီဆောင်းပါးလေးထဲက သူမရဲ့စကား တချို့ကတော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့တာ အမှန်ပါပဲ။
ဘယ်သူ့ကိုမှ တိုင်တည်ခြင်း မရှိတဲ့ မေးခွန်းဆန်ဆန် အဖြေမ ပါတဲ့ စကားတချို့က ရည်မှန်းထားတာတွေကို ကျမဆောင် ရွက်နိုင်ခဲ့ သလား၊ တခုခုပြီးမြောက်ခဲ့ သလား တဲ့။
အဲဒီအကြောင်းတွေ ရောက်လာတဲ့ အခါမှာတော့ စိတ်လှုပ်ရှား နေဟန် ရှိတဲ့ June Rose ဟာ နေ့လယ်စာ တည်ခင်းခဲ့တဲ့ ပန်း ကန်တွေကို ပန်းကန်ဆေးကန်ထဲ အသံမြည်အောင် ထည့် လိုက်တယ်။ ဝိုင်အစား ဘီယာတလုံးကို ဆွဲယူလိုက်ရင်း “ဗမာလူမျိုးတွေ ပါးစပ်ဖျားမှာ ချိုချဉ်တခုလို တမြုံ့မြုံ့နဲ့ ပြောကောင်းနေခဲ့မယ့် သူ့ ဇာတ်လမ်း” ကို ရယ်သွမ်းသွေးလိုက်သေးတယ်။
လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ်ဆိုတဲ့ ကောလာဟလကိုမေးတော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမ ကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ်ဆိုတဲ့ မနှစ်မြို့စရာ ဖြစ်ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။
နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ်တစင်းနဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင် မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီအကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။
၅ လတာ ကြုံဆုံခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။
“ဦးနေဝင်း နဲ့ ရက် ၁ဝဝ” ဆိုတဲ့ စာအုပ်ဟာ အဲဒီခေတ် သံတမန်လောကမှာ တီးတိုးရေပန်းစားခဲ့ပေမယ့် အဲဒီ နေ့လယ်မှာတော့ မိဘဘိုးဘွားတွေနဲ့ ကြီးပြင်းခဲ့တဲ့ အကြောင်းတွေကလွဲရင် အာဏာရှင်ကြီးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ရေးဖို့စိတ်ကူး မရှိပါဘူးလို့ သူမက ငြင်းဆိုခဲ့တယ်။
pho
အီတလီမှာ အချက်အပြုတ် သင်တန်းကျောင်း ဖွင့်ထားတဲ့ ရတနာနတ်မယ် သို့မဟုတ် June Rose Bellamy
(ဓာတ်ပုံ – http://www.studiojunebellamy.it/about.html)
လတ်တလောမှာ အီတာလျံနဲ့ အရှေ့တိုင်းအစားအစာ အချက်အပြုတ်သင်တန်းကျောင်းကို ဖွင့်လှစ်ထားပြီး မကြာသေးခင်နှစ်တွေက တော့ သူမရဲ့ အသက်အစိတ်ရှိပြီဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန်အလည်ရောက်ခဲ့သေးတယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်း က ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်းတချို့ တွဲဖက်လုပ်ကိုင်နေသလို နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင်ဆောင် ရွက်နေတဲ့အကြောင်း သူမရဲ့ ဧည့်ခန်းမှာ တခမ်းတနား ချိတ်ဆွဲထားတဲ့ အဖြူအမည်း မိသားစုပုံတွေရဲ့ဘေးက မြန်မာပြည် ကျေးရွာ တခုက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတခုရဲ့ ရောင်စုံဓာတ်ပုံနဲ့ဆက်စပ်ကြည့်ရင်း တချိန်က ရတနာနတ်မယ်ဆိုတဲ့ ကနောင်မင်း ရဲ့ မြစ်တော် အသက် ၇၇ နှစ် အရွယ် အမျိုးသမီးကြီးအကြောင်း တွေးနေမိပါတယ်။

http://www.naytthit.net မှကူးယူဖော်ပြပါသည် ။ 

ကဗျာဆိုတာ


ကဗျာဆိုတာ
လူ.စဉ်းစားညဏ်ရဲ.ပဲ့တင်သံ
လူ.နှလုံးသား ရဲ. ခုန်လှုပ်သံ
လူ.စိတ်ဓာတ်ရဲ. မြည်ဟီးသံ
လူ.မျှော်လင့်ချက်ရဲ. သီကျူးသံ
ကဗျာဆိုတာ
ကျွန်မတို. ရဲ. ရုန်းကန်သံပါပဲ

ဒေါ်အောင်ဆန်းစုကြည်

Saturday, October 1, 2011

မျက်လှည်.

ငေးငေးလေးကြည်.တတ်တဲ့

ချစ်သူရဲ.မျက်ဝန်းလှည်.စားချက်က

ကောင်းကင်ရဲ.နက်ရှိုင်းမှုထဲမှာ

တည်ရှိနေတဲ့ပဟေဌိများစွာနဲ. ။  ။

မိုးစက်

အိမ်ရှေ့သစ်ပင်သစ်ရွက်တွေမှာမိုးစက်တွေခိုနေတုန်းပဲ

အိပ်မက်ဟာချိုမြိန်နေဆဲပဲ ကိုယ့်အတွက်
ပစ္စုပ္ပန်မှာ တည့်တည့်ကြီးနေပစ်လိုက်ဖို့သိပ်ကိုခက်တယ်
သစ်ရွက်ပေါ်တွဲခိုနေတဲ့ မိုးရေစက်လေးလျောကျသွားတယ်
ရုတ်တရက် ငှက်ကလေးထပျံတယ်
ခဏလေးနဲ့နေ၀င်ပြီး ခဏလေးနဲ့ပဲ ကြယ်တွေကြွေတယ်.။
ဒီလိုပဲနဲ့ပဲအနည်ထိုင်ပစ်ရမှာပဲ
တစ်ယောက်တည်းဆိုတဲ့နေရာကိုရောက်သွားတိုင်း အတွေးတွေကိုရပ်လိုက်ရတယ်.။
ပျော်ရွှင်ခြင်းဆိုတာကိုဘယ်လိုစာလုံးပေါင်းရပါ့မလဲ..။
တိတ်တိတ်လေးမြတ်နိုးနေရခြင်းမှာပဲ ငြိမ်းချမ်းစွာသေဆုံးခဲ့ပါပြီ
ရှိုက်ရှိုက်နေခဲ့ရခြင်းခဏများမှာ..တအိအိပြိုဆင်းလို့
တိတ်ဆိတ်ခြင်းတွေဆူညံနေရလို့
ရေခဲတောင်တွေလည်း အေးခဲနေရခြင်းနဲ့ပူလောင်နေရမှာပါပဲ.။
ခုတော့..
ပေါ့ပေါ့ပါးပါးဆိုတဲ့ခေါင်းစဉ်အောက်မှာ
မကျေနပ်တာတွေကိုရယ်မောပစ်လိုက်ရုံ
ကိုယ်ပေါ်ကမိုးရေစက်လေးကိုသပ်ချလိုက်သလို
မလိုချင်တာတွေကို မင်နီတားပစ်လိုက်ဖို့
ကမ်းခြေမှာရပ်နေခဲ့စဉ်ခဏကလို
လေတိုက်တိုင်း ကိုယ့်ဆံပင်တွေလွင့်ဝဲနေဖို့
ကိုယ့်မျက်တောင်မှာ တွဲခိုနေတဲ့ မျက်ရည်စက်လေးကို ဖျတ်ခနဲပုတ်ထုတ်ပစ်ဖို့
မျှော်လင့်နေရခြင်းဟာ မျှော်လင့်ရခြင်းသက်သက်မဖြစ်စေဖို့တွေ မျှော်လင့်ရင်း
စိတ်ဟာ
အလှမွေးကန်ထဲကငါးလို
အခန်းကျဉ်းထဲမှာပဲ တ၀ဲလည်လည်နဲ့...
အဆင်ပြေတယ်ဆိုတဲ့စကားလုံးသက်သက်ထဲမှာပဲ စိတ်ကိုထိုးခြေပစ်နေမိတယ်
အဆင်ပြေတယ်..
အဆင်ပြေပါတယ်...။
ကံကောင်းခြင်းဆိုတာကလည်း အခွံခွာရခက်တဲ့သစ်သီးတစ်လုံးလိုပဲ
တပ်မက်ခြင်းသက်သက်နဲ့သာငေးမောရင်း
ဘ၀ဟာ..အရွယ်မတိုင်ခင် ရင့်မှည့်ပေးလိုက်ရပါတယ်..။



စိမ်းမြလင်းသစ်

Thursday, September 29, 2011

ငါ့ကိုရေးတဲ့ တနင်္ဂနွေမိုးပြေးများ

တနင်္ဂနွေလှောင်အိမ်
တံခါးကလည်း ပွင့်လျက်ပဲ
ငါ့အတောင်ပံတွေကလည်း အကောင်းအတိုင်း
သူတို့ အပြိုင်းအယိုင်း ပျံသန်းနေတာလည်း ငါမြင်နေရတယ်
ငါကျတော့ ဘာလို့ငြိမ်သက်နေမိတာလဲ …။


တနင်္ဂနွေစာအုပ်
သမ္မာကျမ်းစာနည်းနည်း
နီတိ ခပ်ကျဲကျဲနဲ့
ကိုယ်ပိုင်အဘိဓမ္မာတွေလည်း အေးခဲနေခဲ့လိမ့်မယ်
ဒါပေမယ့် ကဗျာတွေတော့ပါတယ် …


တနင်္ဂနွေအာရုံ
တကယ်ဆို …
ဘုရားသခင်ရှေ့မှောက် ဦးခိုက်
အမိုက်ဇာတ်တွေကို သိမ်းခိုင်းလိုက်ရမှာ ..
ခုတော့ ..အာရုံတွေ မှားနေခဲ့ပြီ ……….


တနင်္ဂနွေသံမှို
တည့်တည့်မတ်မတ် စိုက်ဝင်နေခဲ့ပြီ
စူးရှချွန်ထက်သော စကားပွင့်များ
ချစ်ခြင်းအားဖြင့်သာ နစ်ဝင်ခွင့်ရခဲ့ကြတယ် ။။

တနင်္ဂနွေကော်ဖီ
သိမှတ်မဲ့ မော့ချပစ်လိုက်တဲ့ တိမ်တိုက်တွေက ကော်ဖီ ..
အခါးနည်းနည်းလျှော့ထားပါလျက်က.. ခါးသက်နေဆဲ
အမှောင်လည်း နည်းနည်းကဲ နေခဲ့တယ် ……။

မနော်ဟရီ

Sunday, September 25, 2011

မြစ်ကျိုးအင်း

မြစ်က…
ဘယ်လိုစီးမယ်မှန်း မသိပေမဲ့
နံဘေးမှာ
တိုက်စားခံဖို့အသင့်စောင့်နေခဲ့ရတဲ့
ကမ်းနှစ်ဘက်ရဲ့ခံစားမှုမျိုးနဲ့…။

ပြီးမှ…
တော်သင့်သလောက် အနည်ထိုင်ရဦးမယ်…

ဗီလိန်

ဗီလိန်
ဇာတ်လမ်းဆုံးတော့
ငါ့ကိုမုန်းတဲ့ လက်ခုပ်သံရတယ်
ဘဝ
အဓိပ္ပါယ်မရှိ အဓိပ္ပါယ်ရှာရင်း
အဓိပ္ပါယ်မဲ့ကုန်ဆုံးသွားရပေါ့…။
တောင်ယာ
ကိုယ့်ကိုယ့်လင်းချင်းအောင်
မီးရှို့ခံထားရတယ်
ဘယ်လိုမှ စိုက်ပျိုးလို့မရတော့ဘူး…။
အချစ်
ဘယ်တော့မှမပြောဖြစ်တော့ဘူး
ခေတ်ဟောင်းတေးတွေထဲက တစ်ခါတစ်ရံကြားတယ်…။
ပိုက်ဆံ
ကိုယ့်ထောင်ချောက်ကိုယ်ပြန်နင်းမိတာ
ခဏခဏ
ဘယ်အခါမှနောင်တမရဘူး…။
အရက်
နှစ်ခွက်မသောက်သမျှ
ဘယ်တော့မှမမှားဘူး…။
နိုင်ငံရေး
ဘယ်ယိမ်းညာယိမ်း
ဘယ်တော့မှ ပွဲမသိမ်းဘူး..။


မိုးလှိုင်ည

အသက်ဆက် ညနေ

တုန် ယင်နေတဲ့ ကောင်းကင်အောက်
ဗလုံးပထွေး ရင် ခုန် သံတွေ နဲ.
သူ.ရှေ. ကို ရောက် သွားခဲ့တဲ့ ည နေ

တသက် စာ အလွမ်းတွေ ကို
နာရီဝက် စာ နဲ.တင် ဖြေသိမ့် ပေး လို. ရေ အာင် စွမ်း တဲ့
သူ.မျ က် နှာလေး

နေကောင်းလား
တော်ပြီ ကွယ် ဆက်မပြော ချင်ဘူး
မဆုံ နိုင် ခြင်းတွေရဲ. အဝေးမှာ
တော် ရာ မှာ ပဲ ငြိမ်း ချမ်း စွာ လောင်ကျွမ်း ပါရစေ ။

ရပ်နေရခြင်း သက် သက် မှာ ပျော် ပါတယ် ။
ခွင့်ပြု ပါ ဦး လို. ဆို ပြီး
သူ ထွက် သွားတာ လေး ကို မြင် လိုက် ရ ရင် ။ ။

Saturday, September 24, 2011

ဤကမ္ဘာကြီး ပြောင်းပြန်လည်နေလေပြီ

နှုတ်ဆက်ထားခဲ့ခြင်းတွေရဲ. အလွန်မှာ
အတိတ်ကမ္ဘာကြီး ကိုပြောင်းပြန်တပတ်လည်ခိုင်းလိုက်တယ်
ဘာပဲဖြစ်ဖြစ် တပတ်ပြည်.ရင် အရင်နေရာ ကိုပြန်ရောက်မှာပဲ
ဒီလိုပဲယုံကြည်ထားလိုက်တယ် ။

မိုးတွေက ထပ်ရွာတယ်
ငါက ကဗျာတပုဒ်ထပ်ရေးတယ် ။

အရင် က အနွေးထည်လေးပြန် ၀တ်ထား တယ်
ဒါပေမဲ့ အရင်တုန်းကလို မနွေးထွေးတော့ဘူး ။

ငါ့လိုလူမျိုးတခါမှမတွေ.ဖူးဘူးတဲ့ ( နင်ပြောတယ် )
နင်နဲ.တွေ.ပြီး နောက်ပိုင်းမှ ဖြစ်သွားတဲ့ ငါ့လိုလူမျိုး
ငါကိုယ်တိုင်တောင် တခါမှ မတွေ.ဖူးဘူး ။

ကော်ဖီတွေခါးတာ လောက် ကို မမှု တော့ဘူး
နင့်အကြောင်း စဉ်းစားလိုက်ရင်
စားနေတဲ့ သကြားလုံးတောင် ခါးသက်သွားသေးတာပဲ ။

ဒီလိုနဲ.ပဲ
မျှော်လင့်ချက်ဆိုတာ
 တံခါးပေါက် အကွယ် နားက ချောင်းကြည်.နေ ရတဲ့အရာ          ။

Thursday, September 22, 2011

အချစ်ရဲ.အဓိပ္ပါယ်

( ၁ )

အခန်းကျဉ်းလေးထဲတွင် ကောင်းကင်ရဲ.ထစ်ချုန်းသံကို ကြေကွဲစွာ နားစွံ. ရင်း သူ.အကြောင်းတွေးနေမိသည် ။ ဒီနေ.ရွာနေတဲ့မိုးက ငါ့အတွက်တမင်ရွာနေသလို    ။           ဇွန် ရဲ. မိုး စက် တွေ က ရင်ထဲက ကျတဲ့ မျက်ရည်တွေ ငို နေသလို …သူနဲ.ပက်သပ်သမျှအတိတ် ကို လွမ်းစွတ် ၍ ပစ္စုပန်ထိ သူ.အား ချစ်ခွင့်ရသမျှ ချစ်နေပြီး နောင်အနာဂါတ်အတွက် ရရှိမည်. ဆု တခုဖြစ်သော ခွဲခွာခြင်း အား ကြောက်ရွံ. နေမိသည် ။
( ၂ )
တခါတရံကံတရား ဧ်။အလွန်ဆန်းကြယ် စွာ ပြုစားမှု သည် ယခုကဲ့သို. ဘ၀တခုလုံးအနာတရ ရရှိစေရန် ရည်ရွယ် ခဲ့ သည် ဆိုလျှင် ပင်  သူနှင့် ဆုံစည်း ခွင့် ပေးခဲ့သော ကံတရား အား မုန်း ပစ် မိမည် မဟုတ် ။ ထိုဆုံစည်း ခွင့် သည် ဒဏ်ရာများနှင့် တွဲဖက် ပါလာလျှက်နှင့်ပင် မိုက်မဲ ရူးသွပ်စွာ ထို ဆုံစည်းခွင့်ကို တန်ဖိုးထားနေမိသည် ။
 သူနှင့် ဆုံစည်းခဲ့ ဧ်။  ။ သိပ်မကြာ ခင် သူငယ်ချင်းတွေဖြစ်သွားကြ သည် ။ အတူတူလျှောက်သွားခဲ့ကြပြီးဘယ်တော့မှပြန်မရနိုင်တော့သော အပျော်ရွင်ဆုံးနေ.ရက်များကို ပိုင်ဆိုင်ခဲ့ဖူးကြသည် ။

နောက်ထပ်သိပ်မကြာ ခင်မှာပင် အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်သွားကြသည် ။ ဘယ်လောက်ထိရင်းနှီးလိုက်သလဲဆို သူ.ရင်ထဲမှဒဏ်ရာ များ ၊ အားငယ်မှုများ သူမပြောနှင့်ပင် သူ.မျက်လုံးတချက် ကိုကြည်.ယုံဖြင့် အလွယ်တကူ ဖတ်ကြည်.လို. ရမိသည် အထိ ။                                 သူ က သိပ်ခင်ဖို.ကောင်းသည် ။ ပျော်စရာများ စိတ်ညစ်စရာများ အတူဝေမျှခံစားကြမိသည် ။  ဂစ်တာတလက်နှင့် သီချင်းတွေအတူတူ သီဆိုခဲ့ ကြ သည် ။ အတိတ် သည် အလွန်လှပခဲ့ဧ်။ ။ဘယ်လောက်ထိ သူ.အပေါ် တွယ်တာမိလိုက်သလဲဆို  လို အပ်သော ဆုတခုတောင်းပါဆိုလျှင် သူ.ရင်ထဲမှ ဒဏ်ရာများ ၊ အဆင်မပြေမှုများအား ကုစားပေးနိုင်သောသူ တဦး
ဖြစ်ရပါလိုဧ်။ ဟူသော ဆုကိုတောင်းမိ မည် ထင်သည် ။ သူငယ်ချင်း တယောက်အနေဖြင့် ဖြစ်သည် ။ ကိုယ့် ကိုကိုယ် သူ.အား ချစ် နေသည် ဟု အတွေးထဲပင် မ၀င်ရဲသည်. အဖြစ်မျိုး …ဘာကြောင့်လဲဆိုတော့ သူနဲ.ပက်သပ်ပြီး အရာရာဖြူစင် ချင်ခဲ့မိသည်. စိတ်ဧ်။ အခြေခံပင်ဖြစ်မည်။ ဒါပေမဲ့ သူ မပြောနှင့် ကိုယ် ကို တိုင်တောင် မသိလိုက်ပဲ သူ. အားချစ်မိသွားခဲ့ သည် ။

( ၃ )
သူက သိပ်ချစ်ဖို.ကောင်းသည် ။
အချစ်ဆိုတာခံစားမှုစိတ်သက်သက်မဟုတ်ဘူး ……
စာနာမှုပါတယ် ၊ အကဲခတ်တတ်မှုပါတယ် ၊ နားလည်မှုပါတယ် ၊ ပြုစုပျိုးထောင်မှုပါတယ်
ဟုတ်ပါလိမ့်မည် ..အကယ်၍အထက်ပါစကားများမှန်ကန် ပါလျှင် သူ. အား ချစ်မိသည်မှာ ချွင်းချက်မရှိ အလွန်ပင် မှန်ကန်နေပါလိမ့်မည်  ။ ဟုတ်ပါသည် ။ သူ.အား ချစ်မိသွားခဲ့ပါသည် ။ သူက တော့ မယုံ ကြည်ခဲ့ပါ ။
( ၄ )
“ ငါက နင့် ကို ပေးဆပ်ချင်လို.ချစ်မိတာဟ ။ ငါက နင့်ရဲ. လိုအပ်ချက်တွေကို ဖြည်.ဆည်းပေးချင်လို. ။ ရှင်းရှင်းပြောရရင်ဟာ ငါ နင့်ကို စာနာ သွားမိလို. ဟ “ လို. အဲလို ပြောမိတော့  သူ က ……” အချစ်မှာ အကြောင်းပြချက် တစုံတခုပါရင် အချစ်မဟုတ်ပါဘူးလေ ….နင်ငါ့ကို သူငယ်ချင်းတယောက်အနေနဲ.စာနာနေတာပါ နင်ငါ့ကိုမချစ်ပါဘူး “ တဲ့  လား  ….
သူသည် သူ.အတွက့်အချစ်ကို မယုံကြည်ခဲ့သလို အသိအမှတ်လဲမပြုခဲ့………..                                       ထားပါလေ     ……………                                                                                                                      “   ငါအတွက်တော့ နင်ယုံကြည်မှ နင့်ကိုချစ်ရတာမှမဟုတ်တာ …နင့်ကို ချစ်နေရယုံနဲ. ဒါဟာ အချစ်ပဲ”
သူအိမ်ထဲမှာ တယောက်ထဲ နေရတဲ့ နေ.ရက်တွေတိုင်း အလိုလို အပြင်မထွက်ချင် ခဲ့မိဘူး … ပျော်စရာတွေရှိနေရက်သားနဲ. သူ ပျော်မနေလျှင် မပျော်ချင်မိချင်ခဲ့ ဘူး
ငါ့အတွက် ကတော့ စာနာမှုလဲအချစ်ပဲ ………

( ၅ )
သူ.လို လျှိ.၀ှက်လွန်းတတ် သူတယောက် ကို အကြောင်းအရာတော်တော်များများ သူ မပြောပဲနှင့် ကိုယ့် ဘာသာ အဖြေရှာလို.ရနေမိတာ ဘာကြောင့်များဖြစ်ပါ လိမ့်မလဲ ….
 သူ. အသံ ကြားယုံနဲ. “ နင် တခုခုကို စိတ်ဆိုးနေတာလား “  လို.မေး တိုင်း  “ အင်း ဟုတ်တယ် “ လို. သူ က ဖြေလိုက်ရစမြဲ …
 “နင် နေမကောင်းဘူးလား “ လို. ဖုန်းထဲက သူ.အသံကြားယုံနဲ. တင်    မေးလိုက် တိုင်း သူဘယ်အခါမှမငြင်းခဲ့
အဲလို နည်းဖြင့် သူ. အရိပ်အခြေကို အမြဲ ကြည်.တတ် နေရစမြဲ …
ငါ့ အတွက် ကတော့ အကဲခတ်တတ်မှုလဲအချစ်ပဲ
( ၆ )
သူ စိတ်ဆိုးသွားတိုင်း ဘယ်တော့မှစိတ်ဆိုးဟန် မပြ ခဲ့ပေမဲ့ စိတ်က အလိုလိုသိနေမြဲ  …သူ ပြောနေကြအတိုင်း             “ ကိုယ်က စိတ်ဆိုးလိုက်တဲ့အကြောင်းအရာ ကတဖက်လူ ဘက်က မှန်ချင်မှန်နေမှာ မို. စိတ်ဆိုးလဲ မပြောတော့တာ” လို.သူကပြောပေမဲ့ … သူ. အတွက်ဆို  အပြစ်ရှိတဲ့ သူ ဘက် ကအမြဲနေပေးမိနေမြဲ  …
 သူ စိတ်ဆိုးသွားလိုက်ပြီဆိုတည်း က ငါ မှားတာ ဟုမှတ်ယူ စမြဲ….
သူ. ကို သူငယ်ချင်းတွေကြားထဲမှာ ဖုန်းမပြောမိတာ လဲ ..အမှား ပဲ
သူ. ကို တခြားသူနဲ. စမိတာလဲ အမှား ပဲ…   အပြည်.အ၀နားလည်တယ်
သူ  လျှိ.၀ှက်ထားတဲ့အရာတွေအများကြီးရှိနေတာသိပေမဲ့ …ဘယ်တော့မှသိအောင်မမေးမိဘူး အဆုံးစွန်ထိနားလည်တယ် …သူ.စိတ်ကိုလဲနားလည်တယ် …သူ.ဘ၀ကိုလဲနားလည်တယ် …သူ.အခြေအနေကိုလဲနားလည်တယ် …                                                                            နောက်ဆုံး သူ  ရက်ရက်စက် စက်အနိုင်ပိုင်းသွားခဲ့ရင်တောင်နားလည်တယ် …
 “ နားလည်ပါတယ်လေ …ငါတို.နှစ်ယောက်က ဘယ်တော့မှအတူ တူရှိနေလို.မရတဲ့ အရုပ်နှစ်ခုဆိုတာ “
ငါ့အတွက်ကတော့ နားလည်မှုလဲ အချစ်ပဲ

( ၇ )
အချစ်ဆိုတာ ဘေးကနေ အရိပ်အကဲကြည်.ပြီး ကိုယ့်ကိုကိုယ် ပြုပြင်ပြီးလိုက်လျောညီထွေဖြစ်အောင်နေပေးရတဲ့ အတတ်ပညာ တခုပဲ                                         လူတယောက် ကို တကယ်များ ချစ်တတ်လာရင် သူ.ရဲ. လိုအပ်မှု ဖြစ်ပေါ်မှု အခြေအနေ အားလုံး ကိုသိလာတတ်တာ ၊      သူ.အတွက် ကိုယ်ဘာလုပ်ပေးရမယ်ဆိုတာကို အလိုလို သိလာတတ်တဲ့ အတတ်ပညာ တခုပဲ  …
ကိုယ့်စိတ်ရဲ.လိုအင်ဆန္ဒဆိုတာကို မေ့ထားနိုင်ပြီး သူ.ရဲ. လိုအပ်ချက် ကိုအမြဲ စောင့်ကြည်. ဖြည်းဆည်းပေးတတ်တဲ့သူ ဖြစ်လာအောင် အချစ် ကသင်ပေးခဲ့တာ    ။
“ ငါ အလုပ်ကြောင့် စိတ်ညစ်နေတယ်ဟာ “ လို. နင် ပြောပြောချင်း  စိတ်ထဲမှာ ဘယ်လို နှစ်သိမ့်တဲ့ စကားက သူ.အတွက်အကောင်းဆုံးဖြစ်နိုင်မလဲ လို. ချက် ချင်းဆိုသလို စဉ်းစားနေမိတာ …..
ဖုန်းပြောနေရင်း သူ.အသံတွေငြိမ်သွားခဲ့ရင် သူ ဆက်မပြောချင်မှန်းအလိုလို သိသွားခဲ့ပြီး ဖုန်း ချ ခဲ့လိုက်ရတာ လဲ ငါ့အတွက်တော့ အချစ်ပဲ
သူပျော်နေတာကိုမြင်ရရင်ကျေနပ်တယ်  ဘယ်သူ.ကြောင့်ပဲ   သူပျော်ပျော် ပျော်နေတာကိုမြင်နေရရင်ကို ကျေနပ်နေမိတာ
သူ. အတွက် ပျော်ရွင်မှုတွေအပြည်.     အ၀ပေးနိုင်တဲ့ သူ တယောက် မဟုတ်ခဲ့ရင်တောင် တချက် ကလေးပဲဖြစ်ဖြစ် သူပြုံးသွားအောင် လုပ်နိုင် ခဲ့ ရင်တောင် ကျေနပ်နေတတ်တာ
ငါ့အတွက်တော့ ပြုစုပျိုးထောင်တာလဲ အချစ်ပဲ                                      
( ၈ )
သူကသိပ်ချစ်ဖို.ကောင်သည်
ထမင်းစားရင် ဟင်းတွေကို အရင်ထည်.ပေးတတ်တယ် ။ မတော်တဆ ဒဏ်ရာ ရသွားရင် ပလာစတာ ကမ်းပေးတတ်တယ် ။ တခါတလေ စိတ်ညစ်ရင်မျက်လုံးလေးနဲ.နှစ်သိမ့်ပေးတတ်တယ် ။
     “ နင် လိမ်တတ်တဲ့သူကိုမုန်းလား “ လို.မေးတော့  “ သူ.မှာလဲ သူ.အခက်အခဲနဲ.သူ လိမ်လိုက်ရလို.ဖြစ်မှာပေါ့ “ တဲ့ ။
အဲလို တဖက်သားအပေါ်ကို လဲ အရမ်းနားလည်ပေးတတ်တယ် ။ ဘာမှမဟုတ်တာလေးတွေက လဲအရမ်းကို ချစ်ဖို.ကောင်းနေမိတာ ။ သူ ဖုန်းဆက်လို.အပြင်ရောက်နေရင် ဘယ်တော့မှ ဆက်မပြောတော့ပဲနောက်မှထပ်ဆက်မယ်လို.ပြောပြီး နှုတ်ဆက် သွားမြဲ …ဒါလဲချစ်ဖို.ကောင်းနေတတ်တာ ။
ဒါပေမဲ့တခါတလေတော့ဆိုးတယ် ။ သူဖုန်းပြောပြီးလို. နောက်ဆုံး  “ တာ့တာ” လို.မပြောမိရင် စိတ်ဆိုးတဲ့လေသံနဲ. “ ရိုင်းလိုက်တာ တာ့တာလို.တောင်မပြောသွားဘူး “ ဆိုပြီး နောက်တခါထပ်ခေါ်ပြီး ပြန်ပြောခိုင်းတတ်တာ ။ သူမကြိုက်တဲ့အရာများပြောမိရင် “ သေလိုက်ပါလား “ လို.လဲငေါက်တတ်သေးတယ် ။ ဒါလဲချစ်ဖို.ကောင်းနေတာပဲ ။ ဘယ်လောက်ထိ သူ.အပေါ် ရူးသွပ်နေမိသလဲဆို သူက မခိုင်းပဲနဲ. ညတိုင်း ဖုန်းစောင့်တဲ့အလုပ်ကို ကိုယ်ကိုတိုင် စိတ်လိုလက်ရလုပ်မိနေတဲ့အထိ ။ နောက်ဆုံးတဖြေးဖြေးနဲ.ဘ၀ထဲကို မသိမသာစိုးမိုးဝင်ရောက်လာခဲ့တယ် ။ သူ. ရဲ. ဖုန်းနံပါတ်က  အ၀င်အထွက် call list ရဲ.နောက်ဆုံးအဖြစ် နေ.တနေ.ကို အဆုံးသတ် သွားစမြဲ
( ၉ )
သူက လွမ်းတတ်အောင်လဲသင်ပေးသည် ။
သူမရှိသောနေ.ရက်တွေတိုင်းမြင်မြင်သမျှလွမ်းစရာများဖြစ်အောင်သူစွမ်းဆောင်တတ်ခဲ့သည် ။ မနက်ရုံးရောက်လို. Morning လို.တခြားသူတွေကို ပြောလိုက်ရတိုင်း သူ.ကိုလွမ်းတယ် ။                       သူထိုင်ခဲ့တဲ့ ထိုင်ခုံလေးကိုတွေ.တိုင်းလွမ်းတယ် ။                                                ရုံးကသူငယ်ချင်းတွေနဲ.စကားလက်ဆုံကြတိုင်းလွမ်းတယ် ။ အလွမ်းသီချင်းတွေနားထောင်မိတိုင်းလွမ်းတယ်။       ပျော်ရွင်မှုတွေတွေ.တိုင်း သူနဲ.အတူဝေမျှချင်လို.လွမ်းတယ် ။ ၈ မိုင် လမ်းဆုံရောက်တိုင်းလွမ်းတယ် ။                                         Junction 8 ရောက်တိုင်းလွမ်းတယ် ။ YKKO ရောက်တိုင်းလွမ်းတယ် ။ ကန်တော်ကြီးရောက်တိုင်းလွမ်းတယ် ။  စိမ်းလန်းစိုပြေသွားတိုင်းလွမ်းတယ် ။ orange ရောက်တိုင်းလွမ်းတယ် ။ Aroma coffee ဆိုင် ရောက်တိုင်းလွမ်းတယ် ။ ဂစ်တာတီးမိရင်လွမ်းတယ် ။  ကန်ဘောင်ရောက်တိုင်းလွမ်းတယ် ။ ညဘက်ရောက်လို.သူဖုန်းဆက်မဲ့အချိန်တိုင်းလွမ်းတယ် ။ …………………………                                                                                                             ဒီလိုနှင့် အလွမ်းတိုင်း အလွမ်းတိုင်း ကို သူက တိတ်တဆိတ်နောက်ကွယ်မှဖန်တီးပေးနေတတ်တာ ။
( ၁၀ )
အချစ်ဆိုတာ ရင်နာနာအရှုံးကိုကျေနပ်နေတတ်တဲ့အရာမျိုးလား
လောကမှာ အရှုံးကိုကျေနပ်တတ်သူတဦးတယောက်မှမရှိနိုင်လောက်ပါဘူး ။ ဒါပေမဲ့ ချွင်းချက်အနေနဲ. သူအတွက်ဆိုရင် အရှုံးတွေမှာ ကျေနပ်နေတတ်ပါပြီ ။
သူအလိုချင်ဆုံးဆန္ဒက ဘာဖြစ်မလဲ ။ သူ.အလိုအပ်ဆုံးအရာက ဘာလဲ ။ သူ.အကြောင်းစဉ်းစားမိလိုက်တိုင်း ဟိုးကောင်းကင်က လမင်းကို မျော်မျော်ကြည်.နေရသလိုမျိုး ။ အဖြေမထွက်တဲ့ပုစ္တ္ဆာတပုဒ်ကို တွက်နေရသလိုမျိုး ။ တနေ.နေ.တချိန်ချိန်မှာ အဝေးဆုံးကို သူထွက်သွားမယ်ဆိုတာသိရက်နဲ. ချစ်နေချင်တဲ့ အတ္တစိတ်တခုထဲနဲ. အလွမ်းတွေထဲမှာ ခါး နေရင်တောင်မှ အချိုကိုစားလိုက်ဖို.လုံးဝမတွေးမိဘူး ။ တခါတခါသူနဲ.အဝေးဆုံးကို ထွက် သွားချင်နေမိတဲ့ စိတ်ကလဲ “ ငါနင့်ကို လိုအပ် တယ် “ လို. သူ.စကားကိုပြန်ကြားမိတိုင်းအချီးအနှီးဖြစ်သွားရစမြဲ ။တကယ်တော့ သူ.အတွက် သာမန်ဇတ်လမ်းတပုဒ်တခုဖြစ်နေပေမဲ့ စိတ်ထဲမှာ သိပ်ကို ခမ်းနားလွန်းတဲ့ တကယ့်အမှန်တရားတွေ ဆိုတာတော့ သူတော့ သိမည်မထင်ပါ ။ မပြည်.နိုင်တဲ့ ဆုဆိုတာ ကိုယ် ကို တိုင် သိနေခဲ့တော့လဲ အဲဒီဆု ကို မိုက်မဲစွာ မတောင်းဆို တော့ ပါဘူး ။ ချစ်တဲ့ သူတယောက် ကိုယ် မရှိလဲပျော်နိုင်ပါစေလို.ဆုတောင်းရင်းဝေးဝေးကပဲအရှုံးတွေကို ကျေနပ်စွာခံယူမိနေတော့သည် ။

နာကျင်မှုအဆင့်အမြင့်ဆုံး ( ၉၉.၉ )

မတောင်းပန်ခင်ထဲက ကျေနပ်နေတတ်တဲ့စိတ်ကိုမကျေနပ်ဘူး
ရင်ဘတ်ထဲ မှာတော့အောင့်နေတယ်
နာကျင်မှု အဟုန်အဆိုင် အခဲက
တိုက်နှုန်း ဂိတ်ဆုံးနဲ. လှိုင်းထန် သွားတဲ့တနေ.မှာ
ငါဆိုတာပျောက် ဆုံးသွားတယ်
သူဆိုတာလဲမရှိတော့ဘူး
ခဲမှန် ဖူးတဲ့ စာတကောင်လို
ကြောက်လန်.တကြား ၀င်ပုန်းလိုက်မိတာ က အချစ်
ပျောက်ဆုံးသွားပြီ
မရှိတော့ဘူး
မဖြစ်တော့ဘူး
မသိတော့ဘူး
မတွေးတော့ဘူး
ဆိုတဲ့ ဝေါဟာရ ထဲမှာ  စိတ်ကိုနှစ်ထားလိုက်တယ်
သက်ပြင်းရှည်ကြီး တချက် ဟူးကနဲ တောက်ထုတ် လိုက် ချိန်မှာပဲ
တစုံတခု လွင့်စင် ထွက် ကျသွားတယ်
လွှတ်ချ လိုက်တာလား
လွတ်ကျသွားတာလား
မသိချင်တော့ဘူး

နံပါတ်က x ၅၀ x x x
သူ. ရုပ်ပုံ calling alert
ခေါ်သံ right here waiting for you
ရင် ဘတ်ထဲ ကျင်ကနဲ စိမ့်ကနဲ ခံစားချက်
နာကျင်မှု အဆင့် အမြင့်ဆုံး ( ၉၉.၉ )
မျှော်လင့်ချက်တွေ  ဟိုး အဝေးးးးးးးး ဆုံး လွှင့်ပစ် စဉ် ။။။

ကြာသပတေး FM

ကြာခဲ့ပြီ
အဲဒီ ဂ ဏန်းခြောက်လုံးပေါ့
လူကို ညှို.နေတာ ။  ။
ကိုယ့်နှလုံးခုန် နှုန်း က  အချိန်ဇယားနဲ.
ကိုယ့်ကို သွေးပိုတိုးစေတယ်
နေကောင်းလား
ထမင်းစားပြီးပြီလား
အရာရာ အဆင်ပြေတယ်မဟုတ်လား
အဲဒါ တွေ ထဲမှာ
သံယောဇဉ် တချို.ထည်.ထားမှန်း ဘယ်သူသိနိုင်မလဲ ။ ။
သူ က ဖုန်းခွက်နဲ.ပြောပြီး  ကိုယ် က နှလုံးသားနဲ.နားထောင်တယ် ။
စကားလုံးတွေနဲ.အူ နေအောင် လွမ်း တယ် ။
ဒီလိုနဲ.ပဲ “ ဟယ်လို “ဆိုတာ လေလှိုင်းကြားက
ညစဉ်တိုင်းရဲ.  ကြာသပတေး FM ။ ။

ဝှက်ဖဲ

အိပ်မက်ဟာ အိပ်မက် မဆန်တော့
ပြန်ပြန်လန်.နိုးလိုက်ရတာအမော ။

ဝါကျတွေ ကြေကွဲနေရခြင်း ထဲ က နေ
ဘေးထွက် ထိုင်နေလိုက်ချင်ပေမဲ့
ဖြစ်ချင်တာတွေ က မဖြစ် သင့်တာတွေ လိုက်လိုက် ဖြစ်နေတာ ခက်တယ် ။

တယ်လီဖုန်းနန်းကြိုးထဲက ၀ှက်ထားတဲ့ ဒဏ်ရာတွေ
ထွက်ထွက် ကျလာမတတ် ည က နက်နက် နေတာ ။

အသိစိတ် တခြမ်းလုံး အမှောင်ထဲမှာ စိမ်ပြီး
အိပ်ချင်ယောင်ဆောင်နေတဲ့ သူ ကို မှ မအိပ်ပဲ ထိုင်စောင့် နေမိ တဲ့ ငါ ။

စိတ် က စိတ် ကို ချည်းသက်သက် ပြန် ရှာတယ် ။
အသံတွေ ကို ရှာတယ်   ။      ( ဂရေဟမ်ဘယ်လ် အကူ အညီ နဲ. )
သံယောဇဉ် အပိုင်း  အစ တွေ ကို  ရှာတယ် ။

အသက် ကို ရူသွင်းပြီး အသက် ကို ရူထုတ်လိုက်တယ် ။

ကဗျာ ရေးတဲ့ သူမို. စိတ်ကူး ယဉ် ခွင့်တော့ အနည်းဆုံး ချမ်းသာတယ် ။

နာရီ လက်တံတွေ စက္ကန်. ချင်း စက္ကန်. ချင်း တချက်ချက် နဲ.မြည်လို. ။

မြို.ငယ်လေး ဟာ  အကျယ်လောင်ဆုံး ရင်ခုန်သံတွေနဲ . တိတ်ဆိတ်ကျန် နေ  ရစ်  ခဲ့ ။ ။

Wednesday, September 21, 2011

အသည်းကွဲ သီးသန်.ပြန်တမ်း

သတိ ။ အသည်းကွဲနေပါတယ် ။
အခန်းမီးတွေ အကုန်ပိတ်ပြီး မီးအိမ်ပျပျလေးတစ်ခုပဲထွန်းထားတဲ့ အခန်းထဲမှာတစ်ယောက်တည်း။

ဘေးဘယ်ညာ ကို ကြည့်တော့လည်း သူပေးခဲ့ဖူးတဲ့ အရုပ်တွေ ပဲ အမှတ်တရအဖြစ်ရှိနေတယ် ။
( အကယ်၍ သူမရှိခဲ့ရင် အဖော်အဖြစ် ထားခဲ့ဖို. အရင်တည်းက ရည်ရွယ်ခဲ့ပုံပဲ )

လေးလံထိုင်းမှိုင်း မှုတွေက တအိအိနဲ့ ငါ့အပေါ်ပြိုကျလာပြီ..။
ကြမ်းပြင်ကို တွေတွေဝေေ၀ ငေးစိုက်မိနေတယ်..။
စိတ်ဓာတ်တွေက လေဟာနယ်ထဲမှာ ဖမ်းဆုပ်မရ..။
သက်ပြင်းတွေကိုလည်း အကြိမ်ကြိမ်ချနေမိတယ် ။

တမင်တကာ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့
လက်ကိုင်ဖုန်းလေးကို ဘယ်နှကြိမ်မြောက် လှည့်လှည့်ကြည့်နေမိလည်း မသိတော့ဘူး..။

စိတ်တွေကလည်း ဘာမှမတတ်နိုင်တော့လို့ လက်ပိုက်ကြည့်နေလိုက်ရတဲ့ သူတစ်ယောက် ရဲ. ခံစားမှုမျိုးနဲ့ အားမလိုအားမရ ။

စိုက်ပျိုးခဲ့မိတဲ့ မဖြစ်ထွန်းတဲ့ ကိုယ့်ရဲ့ စိုက်ခင်းလေးအတွက် ရိတ်သိမ်းချိန်တွေလည်း နေ၀င်ခဲ့ရပြီ။

သူအရောင်ဆိုးသွားခဲ့ဖူးတဲ့ ကိုယ့်ရဲ့ အနွေးထည်အဖြူရောင်လးအတိုင်းပဲ ပြန်တောင့်တနေမိခဲ့ ။

သြဂုတ်လနောက်ဆုံးပိုင်းက ဖြစ်သင့်တာတွေ ဆိုတဲ့အကြောင်းပြချက်နဲ့ ငါ့ကို သတ်ဖို့ကြိုးစားနေတယ် ။

ဒီတိုင်း ထိုင်နေရင်းနဲ. အိပ်မက်တစ်ခုမက်တယ် ။
အိပ်မက်ထဲမှာ...(အိပ်မက်ထဲမှာ...)

အအေးဆိုင်လေးတစ်ဆိုင်.. ။ ရီဝေတဲ့အကြည့် ။
အရှိကို အရှိအတိုင်း ဘာဖုံးကွယ်မှုမှမပါတဲ့ စကားဝိုင်းလေး တစ်ဝိုင်း။
ဒါဟာ အိပ်မက် သက်သက် ပါ။ (တဲ့)

စိတ်ကူးတွေက ကျန်ခဲ့တဲ့နေ့တွေ ရဲ့ ပျော်ရွင်ခြင်းတွေထဲကို အရောက် ပြန်သွားကြည်.ချင်နေမိတယ် ။

သက်သာရာ ရမလားလို့ ရေးဖူးတဲ့ ကဗျာတွေက ကိုယ့်ရင်ဘတ်ကို ဒဏ်ရာတွေ တတိတိထပ်ပေးနေသလို....။

ဝေးခဲ့ပြီဆိုတဲ့အတွေးက တကယ်ဝေးသွားခဲ့တာထက် ပိုခံစားနာကျင်ရတယ်..။

ခံစားရလွန်းလို့ ဘာစကားလုံးမှ ထွက်မလာရင်.. နင့်နာမည် တလုံးတည်းကိုပဲ သတိလက်လွတ် ချရေးမိလျက်သားဖြစ်နေတယ် ။

ကိုယ့်ကိုကိုယ် မုန်းမိတယ် ။ နင့်ကိုတော့ မုန်းလို.မရဘူး ။

ဒီနှစ်ကာလတွေမှာ ငါ့ကိုယ်ငါ ဆုံးရှုံးအောင် နင်ပြုစားခဲ့တာပဲ။
လေလွင့်သွားတဲ့ နာရီတွေမှာ နင့်ကိုသတိရစိတ်နဲ့တိတ်ဆိတ်နေခဲ့ပြီ ။

အသက်ရှူလျက်နှင့်သေဆုံးသွားပြီဖြစ်ကြာင်း ရိပ်မိသွားသောအခါ
" သင်သည် ယခင်ဘ၀နှင့် လုံး ၀ မသက်ဆိုင် တော့ပါကြောင်း " အမိန့်စာပြန်ဖို့လိုအပ်တယ်။