Monday, March 3, 2014

အရာအားလုံး ဟာ အသေ

ပုံရိပ်အသေ .. စကားလုံး အသေ ..နှလုံးသား ဟာ အသေ .. အားလုံး ဟာ သေနေတယ်

ကိုယ်လမ်းလျောက် တယ် .. ခြေလှမ်းတွေ က သေ တယ်

ကိုယ် ဟိုး အဝေး ကို ငေး ကြည်. တယ် … မြင်ကွင်းတွေ သေ နေတယ်

ကိုယ့်ရင် ဘတ် ကိုယ်စမ်းကြည်.တယ် .. နှလုံး မခုန်တော့ဘူး .. သေ တာပဲ

ကိုယ့် အသက် ရှူ ကြည်.တယ် ..အောက်ဆီ ဂျင်မရတော့ဘူး ..သေ တုန်းပဲ

မသေခင် မှတ်မိလိုက်တာက .. အဲ့ ပုံ ရိပ် အသေ

မင်းငိုနေတယ် .. မျက်လုံး နှစ်ဖက် မှာ မျက်ရည်တွေ စီးကျလို.

ကိုယ့်လက်ကို နောက်ဆုံးချိန်ထိ ဆုပ်ကိုင်ထားတယ်

နောက်ဆုံး မင်း လက်လွတ်လိုက်တယ် .. အဲ့နောက် ပိုင်း ကိုယ်သေသွားတယ်

မသေခင်လေး မှတ်မိလိုက်တာက ..အဲ့စကားလုံး အသေ

ကိုယ်တို. အချိန် တော်တော် ကြာ ကြာ ဝေး ကြလိမ့်အုံးမယ်

ဟုတ်တယ် .. အဲ့နောက်ပိုင်း ကိုယ်သေသွားတယ်

မသေခင်လေးမှတ်မိလိုက်တာက … အဲ့နှလုံးသား အသေ

နှလုံး သားတွေက ပြောတယ် ချစ်တယ်

နှလုံးသား တွေက ပြောတယ် ချစ် တဲ့စိတ်တွေ ရပ်တန်.ထားရမယ်

နှလုံးသားတွေက ပြောတယ် မင်း မရှိ တော့ရင် …

အဲ့နောက် ပိုင်း ကိုယ်သေသွားတော့တာ ပဲ …..


အရာအားလုံး ဟာ အသေ ။       ။




Feb 2014