Thursday, April 2, 2015

ခု ချိန် မှာ ငါက လွမ်းတယ်လို.ပြောရင်
ပြောနေကျ စကား ကိုပဲ ထပ်ပြောပြန်ပြီလို. နင် က ပြောအုံးမယ်
ငါကလဲ လွမ်းနေကျ နင့်ကိုပဲ လွမ်းတာကိုး

နောက် တစ်ခါ အဲ့လိုတွေ.ရကြည်.
သိပ်ချစ်တယ် အရမ်းမုန်းတယ် ဖြစ်သွားမယ်တို. ဘာတို.
အဲ့လို အဆူအငေါက်လေး တွေကြားမှာပဲ ငါ က ပျော်ဝင်နေရတာကိုး
သူ က ချစ်တယ်လို.ပြောတယ်
မြန်မာပြည်သိန်းတန်လို ရွှေရုပ်ကလေး ကောက်ရသလို
မိုးပေါ်ခုန်တက်ကချင်တယ်..

Tuesday, March 31, 2015

ချစ်လို.ရေးတဲ့စာ

ချစ်သာချစ်လိုက်တော့ဟန်နီ
ဒီလိုရေစက်နဲ. ကံကြမ္တွာ က ငါတို.နှစ်ယောက် ဆုံဖို.ကို
တမင်ဖန်တီးထားတာ
ငါကတော့ ဒီလိုပဲယုံတယ်
ငါ့အတွက်တော့ဟန်နီက အလွမ်းဇတ်
ဟန်နီရေး ပေးတဲ့ အချစ်စစ်အကြောင်း ဖွဲ.ထားတဲ့ ၀တ္တ္တွ
တဘ၀ စာလုံး အတွက်ပေးလိုက်ဖို.ထိုက်တန်တဲ့သူ
စိတ်ထဲကနေ ဟန်နီ.နာမည်လေးတလိုက်တာနဲ.
ချစ်တယ်လို.သွေးကြော မျှင်တွေ က ထထ ခုန်တယ်
ဘာမှမဟုတ်တဲ့ စကားလေးတခွန်းနဲ. လူကို ပျော်အောင် ငိုအောင် ဟန်နီလုပ်နိုင်တယ်
ဘယ်က နေ ဘယ်လိုရေ တွက်တွက် ဟန်နီ နံပါတ် တစ် .. ဟန်နီက နံပါတ်နှစ် ..ဟန်နီက နံပါတ်သုံး
ဟန်နီပြောတဲ့ စကားလေးတွေ ကြားယောင် ပြီး ပြုံးလိုက် ရတဲ့ ညတွေ
ဟန်နီပေးခဲ့တဲ့ အပြုံးလေးကို ပြန်တွေးပြီး ခုန် လိုက်ရတဲ့ ငါ့ရင်ခုန်သံတွေ
ဟန်နီရယ်သံလေးတွေ ထပ်ထပ်ကြားနေရဖို. အလိုလို ငါက ပျော် အောင်လုပ်ပေးချင်တဲ့သူ
ဟန်နီက ငါ့ရဲ. ရမုတ်ကွန်ထရိုး
ဟန်နီက ချစ်တယ်ဆိုတဲ့ ခလုပ် ကို နှိပ်ရင်
ငါက ချက် ချင်း ဆိုသလို အရည်ပျော် ကျရတဲ့သူ
အများကြိး ထဲက မှ ရှားရှားပါးပါး ဟန်နီက ရှာဖွေတွေ.ရှိခဲ့သလို
ဟန်နီကလဲငါ့ကိုပဲတွေ.တယ်
ဟန်နီ....

ငါတို. နှစ်ယောက်ထဲပဲ တယောက်နဲ.တယောက် တွေ.ကြရအောင်နော်

Monday, December 29, 2014

သိပ်ထူးဆန်းတယ် ဂျွန်

သိပ်ထူးဆန်းတယ် ဂျွန်
နင့်အသံတွေငါမြင်နေရပြီး
နင့် မျက်နှာကို ငါကြားနေရတယ်
နင်က လိုသလို ကစားလို. ရတဲ့
အဝေး ထိန်း ခလုပ် ကို ကိုင်လို.
ငါက ထိန်းချုပ် နိုင်တဲ့ ဧရိယာ အ ပြင် ကို ထွက် မသွားနိုင်တဲ့သူ ။
သိပ်ထူးဆန်းတယ်ဂျွန်
ဟိုး အဝေးကြီးကို ရောက်နေ လဲ မော့ကြည်.လိုက်ရင်
မြင် နေရတာက ဒီ ကြယ် ပဲ …
မိုး ကောင်းကင် ကြီး က နင့် အမိန်.ကို နာ ခံတုန်း
နင်က ညှို.ရင် သူ က အလို လို ရွာ ကျရ
နင် က လျစ်လျူ ရှု ရင် သူ က အလို လို မှောင်မိုက်နေရ ။
သိပ် ကိုထူး ဆန်း တယ် ဂျွန်
ဟိုးးးး အဝေးကြီး ကို ရောက် နေလဲ
သေ ချာ တယ်
မြင် နေရတာ
ဒီ
ကြယ်
ပဲ………………… ။ ။

ဆိုတော့ကာ ... မချစ်သင့်ဘူးဆိုတာ အခိုင်အမာ


တယောက်က တယောက်ကို အဆင်ပြေရဲ.လားဆိုတဲ့အမေးမှာ
ပြေ ပါတယ် ဆို တဲ့ အဖြေ နဲ. အဆင်မပြေ မှု ကို အဆုံးသတ် လိုက် ကြတယ်
လမ်းခွဲ လိုက် ကြ တယ် ဆိုပါစို .
အချစ်က တခါတလေ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ပြားပြားလေးဝပ်လို.
မြင်မြင်သမျှဟာ အစိမ်းရောင် ချည်. ပဲ "     "
ထွက်သွားလိုက်တော့မယ်  အဝေးဆုံးကို
ငါ့အတွက်တော့
အချစ်ဆိုတာ ပြိင်ပွဲ မ၀င်ရတဲ့ ဒဏ်ရာရ အားကစား သမား
အချစ်ဆိုတာ ပြန်စာမလာ တဲ့ မက်စ်ဆေ့ တစောင်
အချစ်ဆိုတာ network error
အချစ်ဆိုတာ access denied
တခါတလေ နင်က နေ.
တခါတလေ နင်က ည
တခါတလေ နင်က sign in
တခါတလေ နင်က sign out
တခါတလေ နင်က အချစ်
တခါတလေ နင်က အမုန်း
ဆိုတော့ကာ ငါ့လမ်းခွဲခြင်းမှာ အကြောင်းပြချက်က  မချစ်သင့်ဘူးဆိုတာ အခိုင်အမာ

အချစ်

သူက ချစ်တယ် လို့ တ ခါပြောတိုင်း 
ကိုယ့် သံသ ရာတွေ ရှည် ရှည် လာတာ သတိ ထား မိတယ်..
ပျော် ၀င်ခြင်း ဆိုတာ ဒါပါပဲ 
သံပရာ သီး ရဲ့ အရည် ဟာ ရေ ထဲမှာ ပျော်ဝင်တယ်
မင်း မော့ သောက် ပစ် လိုက် အမော ပြေ တယ်
ကိုယ် ဟာ မင်း ဆီ မှာပျော် ၀င်တယ်
မင်းမော့ သောက် လိုက် အမောပြေစေ ရမယ် ...
ဒါပါပဲ လူတွေပြောပြောနေတဲ့ အချစ်ဆိုတာက
ကိုယ်ပြောဖူး သလိုပေါ့
သေ လောက်အောင် လွမ်း နေတဲ့ အချိန်မျိုး မှာ
မင်း ကလွမ်းတယ် လို့ပြောလာရင် 
ကိုယ် ကနှစ် သိမ့်ပေး လိုက် ရတာမျိုး 
ခံစား တတ် ရင် ရိုး ရိုးလေးပါပဲ
ဒါပေမဲ့ ဆန်း တယ် ...
ကိုယ့်မီးလုံး လေး သာ အချိန်တန် လို့စိမ်း လာရင်
ကိုယ် မျဉ်း ကြား တွေ လဲ ဖြတ်ပြေး လာခဲ့မယ် ...
ရိုး ရိုး လေး ပါပဲ 
ဒါပေမဲ့ ဆန်းတယ် ...

Wednesday, May 21, 2014

ဆည်းဆာ

စီးဆင်းနေသော မြစ်၏နံဘေးတွင်
လွမ်းဆွေးနေသည့် ကမ်းပါးတွေရှိသည်။
.
တစ်ဦးနှင့်တစ်ဦး အမှန်ချစ်လျှင်
ငှက်ကလေးတွေပင်
အတူပျံသန်းခွင့် ရပါသည်။
.
တခါရံ၌ တိမ်တွေလှပခဲ့သည်ကို
တဘဝလုံး မျှော်တွေး၍
ကောင်းကင် ငေးသူ။
.
အဝေးမှညနေသည်
အတောင်ပါသော အလွမ်းများပင်ဖြစ်သည်။
.
ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ
လူ အဖြစ်ကို ကျွန်တော်ရလိုသည်။
.
ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ
လူ့ အဖြစ် ကိုကျွန်တော်ရလိုသည်။ 
. 
ကေဇော်