Wednesday, September 21, 2011

အသည်းကွဲ သီးသန်.ပြန်တမ်း

သတိ ။ အသည်းကွဲနေပါတယ် ။
အခန်းမီးတွေ အကုန်ပိတ်ပြီး မီးအိမ်ပျပျလေးတစ်ခုပဲထွန်းထားတဲ့ အခန်းထဲမှာတစ်ယောက်တည်း။

ဘေးဘယ်ညာ ကို ကြည့်တော့လည်း သူပေးခဲ့ဖူးတဲ့ အရုပ်တွေ ပဲ အမှတ်တရအဖြစ်ရှိနေတယ် ။
( အကယ်၍ သူမရှိခဲ့ရင် အဖော်အဖြစ် ထားခဲ့ဖို. အရင်တည်းက ရည်ရွယ်ခဲ့ပုံပဲ )

လေးလံထိုင်းမှိုင်း မှုတွေက တအိအိနဲ့ ငါ့အပေါ်ပြိုကျလာပြီ..။
ကြမ်းပြင်ကို တွေတွေဝေေ၀ ငေးစိုက်မိနေတယ်..။
စိတ်ဓာတ်တွေက လေဟာနယ်ထဲမှာ ဖမ်းဆုပ်မရ..။
သက်ပြင်းတွေကိုလည်း အကြိမ်ကြိမ်ချနေမိတယ် ။

တမင်တကာ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့
လက်ကိုင်ဖုန်းလေးကို ဘယ်နှကြိမ်မြောက် လှည့်လှည့်ကြည့်နေမိလည်း မသိတော့ဘူး..။

စိတ်တွေကလည်း ဘာမှမတတ်နိုင်တော့လို့ လက်ပိုက်ကြည့်နေလိုက်ရတဲ့ သူတစ်ယောက် ရဲ. ခံစားမှုမျိုးနဲ့ အားမလိုအားမရ ။

စိုက်ပျိုးခဲ့မိတဲ့ မဖြစ်ထွန်းတဲ့ ကိုယ့်ရဲ့ စိုက်ခင်းလေးအတွက် ရိတ်သိမ်းချိန်တွေလည်း နေ၀င်ခဲ့ရပြီ။

သူအရောင်ဆိုးသွားခဲ့ဖူးတဲ့ ကိုယ့်ရဲ့ အနွေးထည်အဖြူရောင်လးအတိုင်းပဲ ပြန်တောင့်တနေမိခဲ့ ။

သြဂုတ်လနောက်ဆုံးပိုင်းက ဖြစ်သင့်တာတွေ ဆိုတဲ့အကြောင်းပြချက်နဲ့ ငါ့ကို သတ်ဖို့ကြိုးစားနေတယ် ။

ဒီတိုင်း ထိုင်နေရင်းနဲ. အိပ်မက်တစ်ခုမက်တယ် ။
အိပ်မက်ထဲမှာ...(အိပ်မက်ထဲမှာ...)

အအေးဆိုင်လေးတစ်ဆိုင်.. ။ ရီဝေတဲ့အကြည့် ။
အရှိကို အရှိအတိုင်း ဘာဖုံးကွယ်မှုမှမပါတဲ့ စကားဝိုင်းလေး တစ်ဝိုင်း။
ဒါဟာ အိပ်မက် သက်သက် ပါ။ (တဲ့)

စိတ်ကူးတွေက ကျန်ခဲ့တဲ့နေ့တွေ ရဲ့ ပျော်ရွင်ခြင်းတွေထဲကို အရောက် ပြန်သွားကြည်.ချင်နေမိတယ် ။

သက်သာရာ ရမလားလို့ ရေးဖူးတဲ့ ကဗျာတွေက ကိုယ့်ရင်ဘတ်ကို ဒဏ်ရာတွေ တတိတိထပ်ပေးနေသလို....။

ဝေးခဲ့ပြီဆိုတဲ့အတွေးက တကယ်ဝေးသွားခဲ့တာထက် ပိုခံစားနာကျင်ရတယ်..။

ခံစားရလွန်းလို့ ဘာစကားလုံးမှ ထွက်မလာရင်.. နင့်နာမည် တလုံးတည်းကိုပဲ သတိလက်လွတ် ချရေးမိလျက်သားဖြစ်နေတယ် ။

ကိုယ့်ကိုကိုယ် မုန်းမိတယ် ။ နင့်ကိုတော့ မုန်းလို.မရဘူး ။

ဒီနှစ်ကာလတွေမှာ ငါ့ကိုယ်ငါ ဆုံးရှုံးအောင် နင်ပြုစားခဲ့တာပဲ။
လေလွင့်သွားတဲ့ နာရီတွေမှာ နင့်ကိုသတိရစိတ်နဲ့တိတ်ဆိတ်နေခဲ့ပြီ ။

အသက်ရှူလျက်နှင့်သေဆုံးသွားပြီဖြစ်ကြာင်း ရိပ်မိသွားသောအခါ
" သင်သည် ယခင်ဘ၀နှင့် လုံး ၀ မသက်ဆိုင် တော့ပါကြောင်း " အမိန့်စာပြန်ဖို့လိုအပ်တယ်။

No comments: