အိပ်မက်ဟာ အိပ်မက် မဆန်တော့
ပြန်ပြန်လန်.နိုးလိုက်ရတာအမော ။
ဝါကျတွေ ကြေကွဲနေရခြင်း ထဲ က နေ
ဘေးထွက် ထိုင်နေလိုက်ချင်ပေမဲ့
ဖြစ်ချင်တာတွေ က မဖြစ် သင့်တာတွေ လိုက်လိုက် ဖြစ်နေတာ ခက်တယ် ။
တယ်လီဖုန်းနန်းကြိုးထဲက ၀ှက်ထားတဲ့ ဒဏ်ရာတွေ
ထွက်ထွက် ကျလာမတတ် ည က နက်နက် နေတာ ။
အသိစိတ် တခြမ်းလုံး အမှောင်ထဲမှာ စိမ်ပြီး
အိပ်ချင်ယောင်ဆောင်နေတဲ့ သူ ကို မှ မအိပ်ပဲ ထိုင်စောင့် နေမိ တဲ့ ငါ ။
စိတ် က စိတ် ကို ချည်းသက်သက် ပြန် ရှာတယ် ။
အသံတွေ ကို ရှာတယ် ။ ( ဂရေဟမ်ဘယ်လ် အကူ အညီ နဲ. )
သံယောဇဉ် အပိုင်း အစ တွေ ကို ရှာတယ် ။
အသက် ကို ရူသွင်းပြီး အသက် ကို ရူထုတ်လိုက်တယ် ။
ကဗျာ ရေးတဲ့ သူမို. စိတ်ကူး ယဉ် ခွင့်တော့ အနည်းဆုံး ချမ်းသာတယ် ။
နာရီ လက်တံတွေ စက္ကန်. ချင်း စက္ကန်. ချင်း တချက်ချက် နဲ.မြည်လို. ။
မြို.ငယ်လေး ဟာ အကျယ်လောင်ဆုံး ရင်ခုန်သံတွေနဲ . တိတ်ဆိတ်ကျန် နေ ရစ် ခဲ့ ။ ။
No comments:
Post a Comment