Sunday, November 20, 2011

အလွမ်းတွေကို Enter ခေါက်လိုက်ရုံ

ပတ်သတ်မှုလား
ခလုတ်တစ်ချက်နှိပ်လိုက်ရုံ
ဝေးကြမလား နီးမလား
လက်ထဲက အဲဒီ့ခလုတ်ကပဲ တိုင်တည်ရာ
အ၀င်အထွက် မေးလ် က နေ.စဉ်ဘ၀ ရဲ. အရေးပါမှု ထိပ်ဆုံး ကနေရာ
Monitor ပေါ်က foto album ဆိုတာက ဒုတိယ ငါ့မျက်နှာ

အပြည်ပြည်ဆိုင်ရာ ဆိုက်ရောက် ဂိတ်တံခါးဝမှာပဲ စိတ်တွေက တ၀ဲလည်လည်နဲ.
စိတ်ကူးယဉ်ကြည်.တယ်
စိတ်ကူးယဉ်မိတယ်
ပြန်လာရင်  ဘာပြောမယ် ဘယ်သွားမယ်
ရောက်တတ်ရာရာ ဘာဘာညာညာ

ရန်ကုန်ဆိုတာက အလွမ်းတွေ ဖြန်.ခင်းထားတဲ့မြို.တော်
ခုတလော ဘာရယ်တော့မဟုတ်ဘူး
အချိန်တန်ရင် အိမ်ပြန်တယ်  ဆိုတဲ့ စကားကိုပဲ ခဏခဏ ရေရွတ်မိနေတယ်
ရန်ကုန်မှာ နှင်းတွေလဲ ကျတော့မယ်
ဘာရယ်တော့လဲမဟုတ်ပြန်ဘူး
အလွမ်းတွေနဲ. နှင်းတွေနဲ. ကို  Enter ခေါက်ပြီး ပို.လိုက်ရုံ  ။   ။