Saturday, October 29, 2011

ငါလား ပိုးလောက်လန်းကောင်ပါ " xx "

ငါလား ဟုတ်ပါတယ် " xx "
ဆက်သွယ်ရေး အစုတ်ကြီးထဲ မှာ
လူကိုယ်တိုင် စုတ်ပြတ်သတ်နေတာ ။
ဒဏ်ရာ ရနေခဲ့သူမို.
မှန်ကန်တဲ့ ဆေးညွန်းစာကို
မိနစ်လေးဆယ်စာ အချိန်ယူပြီး တန်းစီစောင့်ယူတယ် ။

ငါလား ဟုတ်ပါတယ် " xx "
အထီးကျန်နေရင် ဂစ်တာ တီးပါတယ်
အတတ်နိုင်ဆုံး ရိုးသားပါတယ်
စိတ်ညစ်နေရင်ပြုံးတတ်ပါတယ် ။

ဟုတ်ပါတယ် " xx "
ငါဆိုတဲ့သူက
စကားတခွန်းထဲနဲ.လဲ နှစ်ရက်လောက် သေတတ်တယ်
စကားတခွန်းထဲနဲ.လဲ စိတ်တွေ ပြောင်းသွားတယ် ။

ကိုယ့်ကို ကိုယ် အံ့သြတယ် " xx "
နားထောင်တဲ့သီချင်းတွေ ပြောင်းလဲသွားတယ်
ရေခြားမြေခြား မှာ ဖတ်ဖို.စာ တွေ ရေးတယ်

ဘာမှမမျော်လင့် ခြင်းတွေထဲမှာ ဘာမှတော့ မဖြစ်ချင်ပါဘူး " xx "
ကဗျာတွေက တရားခံဖမ်းသလို ငါ့ကိုလိုက်ဖမ်းနေတာ ကို ပက်ပြေးနေမိတာ ။

ဒါဟာ ကဗျာ တပုဒ်သက်သက်ပဲဖြစ်ပါရစေ  " xx "
အိပ်မက်ထဲ မှာ ရေးလိုက်တာ ပါ ….

မိုးစက်
28 Oct ( 9 : 00 PM )

No comments: