Monday, December 29, 2014

အချစ်

သူက ချစ်တယ် လို့ တ ခါပြောတိုင်း 
ကိုယ့် သံသ ရာတွေ ရှည် ရှည် လာတာ သတိ ထား မိတယ်..
ပျော် ၀င်ခြင်း ဆိုတာ ဒါပါပဲ 
သံပရာ သီး ရဲ့ အရည် ဟာ ရေ ထဲမှာ ပျော်ဝင်တယ်
မင်း မော့ သောက် ပစ် လိုက် အမော ပြေ တယ်
ကိုယ် ဟာ မင်း ဆီ မှာပျော် ၀င်တယ်
မင်းမော့ သောက် လိုက် အမောပြေစေ ရမယ် ...
ဒါပါပဲ လူတွေပြောပြောနေတဲ့ အချစ်ဆိုတာက
ကိုယ်ပြောဖူး သလိုပေါ့
သေ လောက်အောင် လွမ်း နေတဲ့ အချိန်မျိုး မှာ
မင်း ကလွမ်းတယ် လို့ပြောလာရင် 
ကိုယ် ကနှစ် သိမ့်ပေး လိုက် ရတာမျိုး 
ခံစား တတ် ရင် ရိုး ရိုးလေးပါပဲ
ဒါပေမဲ့ ဆန်း တယ် ...
ကိုယ့်မီးလုံး လေး သာ အချိန်တန် လို့စိမ်း လာရင်
ကိုယ် မျဉ်း ကြား တွေ လဲ ဖြတ်ပြေး လာခဲ့မယ် ...
ရိုး ရိုး လေး ပါပဲ 
ဒါပေမဲ့ ဆန်းတယ် ...

No comments: