Monday, December 29, 2014

သိပ်ထူးဆန်းတယ် ဂျွန်

သိပ်ထူးဆန်းတယ် ဂျွန်
နင့်အသံတွေငါမြင်နေရပြီး
နင့် မျက်နှာကို ငါကြားနေရတယ်
နင်က လိုသလို ကစားလို. ရတဲ့
အဝေး ထိန်း ခလုပ် ကို ကိုင်လို.
ငါက ထိန်းချုပ် နိုင်တဲ့ ဧရိယာ အ ပြင် ကို ထွက် မသွားနိုင်တဲ့သူ ။
သိပ်ထူးဆန်းတယ်ဂျွန်
ဟိုး အဝေးကြီးကို ရောက်နေ လဲ မော့ကြည်.လိုက်ရင်
မြင် နေရတာက ဒီ ကြယ် ပဲ …
မိုး ကောင်းကင် ကြီး က နင့် အမိန်.ကို နာ ခံတုန်း
နင်က ညှို.ရင် သူ က အလို လို ရွာ ကျရ
နင် က လျစ်လျူ ရှု ရင် သူ က အလို လို မှောင်မိုက်နေရ ။
သိပ် ကိုထူး ဆန်း တယ် ဂျွန်
ဟိုးးးး အဝေးကြီး ကို ရောက် နေလဲ
သေ ချာ တယ်
မြင် နေရတာ
ဒီ
ကြယ်
ပဲ………………… ။ ။

No comments: