Monday, December 29, 2014

ဆိုတော့ကာ ... မချစ်သင့်ဘူးဆိုတာ အခိုင်အမာ


တယောက်က တယောက်ကို အဆင်ပြေရဲ.လားဆိုတဲ့အမေးမှာ
ပြေ ပါတယ် ဆို တဲ့ အဖြေ နဲ. အဆင်မပြေ မှု ကို အဆုံးသတ် လိုက် ကြတယ်
လမ်းခွဲ လိုက် ကြ တယ် ဆိုပါစို .
အချစ်က တခါတလေ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ပြားပြားလေးဝပ်လို.
မြင်မြင်သမျှဟာ အစိမ်းရောင် ချည်. ပဲ "     "
ထွက်သွားလိုက်တော့မယ်  အဝေးဆုံးကို
ငါ့အတွက်တော့
အချစ်ဆိုတာ ပြိင်ပွဲ မ၀င်ရတဲ့ ဒဏ်ရာရ အားကစား သမား
အချစ်ဆိုတာ ပြန်စာမလာ တဲ့ မက်စ်ဆေ့ တစောင်
အချစ်ဆိုတာ network error
အချစ်ဆိုတာ access denied
တခါတလေ နင်က နေ.
တခါတလေ နင်က ည
တခါတလေ နင်က sign in
တခါတလေ နင်က sign out
တခါတလေ နင်က အချစ်
တခါတလေ နင်က အမုန်း
ဆိုတော့ကာ ငါ့လမ်းခွဲခြင်းမှာ အကြောင်းပြချက်က  မချစ်သင့်ဘူးဆိုတာ အခိုင်အမာ

No comments: